• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“လုပ်ရေကိုင်ရေ သိပ်အဆင်မပြေတော့ဘူးဆိုရင်တော့ ကျွန်တော်ကတော့ ပြောပြီးထွက်ပါ့မယ်”
“လုပ်ရေကိုင်ရေ သိပ်အဆင်မပြေတော့ဘူးဆိုရင်တော့ ကျွန်တော်ကတော့ ပြောပြီးထွက်ပါ့မယ်”
0
By Editor on February 10, 2021 Khonumthung
#Unicode
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ချင်းအမျိူးသား ဦးမောင်းဟာနှင့် ဆက်သွယ်မေးမြန်းချက်
By Benezer – နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကသိမ်းယူလိုက်တဲ့ တပ်မတော်က နိုင်ငံတော် စီမံအုပ်ချူပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး အဲဒီကောင်စီအဖွဲ့ဝင်ထဲမှာ နယ်ချဲ့တော်လှန်ရေး ချင်းမျိူးချစ်ခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ သား ဦးမောင်းဟာ ကိုလည်း ထည့်သွင်းခန့်အပ်ခဲ့ပါတယ်။
ဦးမောင်းဟာသည် နယ်ချဲ့တော်လှန်ရေး ချင်းမျိူးချစ်ခေါင်းဆောင်တစ်ဦးလည်းဖြစ် ချင်းဝိသေတိုင်းအဖွဲ့ရဲ့ ပထမဦးဆုံး ချင်းရေးရာဝနန်ကြီးဖြစ်တဲ့ ဦးဝမ္မသူးမောင်း(လွတ်လပ်ရေးမော်ကွန်း ပထမအဆင့်) နဲ့ ဒေါ်သိန်းရင် (ခေါ်) ဒေါ်လျှင်းပန် (လွတ်လပ်ရေးမော်ကွန်း တတိယအဆင့်) တို့က ၁၉၅၃ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာ မန္တလေး ဝိဇာသိပ္ပံ တက္ကသိုလ်ကနေ သိပ္ပံရှုပဗေဒဘွဲ့ရရှိခဲ့ပြီးနောက် မြန်မာ့စီးပွားရေးဘဏ်မှာ အစိုးရဝန်ထမ်းအနေနဲ့ ၃၇ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဦးမောင်းဟာမှာ သား ၂ ယောက် သမီး ၄ ယောက်ထွန်းကားခဲ့ပြီး ယခုလက်ရှိမှာ တော့ တူတစ်ယောက်ဖွင့်ထားတဲ့ ကုမ္ပဏီမှာ စာရင်းကိုင်အလုပ်လုပ်နေတယ်လို့သိရပါတယ်။
ဦးမောင်းဟာအနေနဲ့ တပ်မတော်က ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတော် စီမံအုပ်ချူပ်ရေးကောင်စီမှာ ပါဝင်ဖြစ်ပုံ၊ ဘာကြောင့်ပါဝင် ရတာလဲ၊ သူ့အနေနဲ့ ဘာတွေရှေ့ဆက်လုပ်ဆောင်ဖို့စီစဉ်ထားပါသလဲ စတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ခိုနူမ်းသုန် သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ မနေ့က တပ်မတော်က ထုတ်ပြန်လိုက်တဲ့ထဲမှာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကာင်စီအဖွဲ့ဝင်အဖြစ် ဆရာ့နာမည် စာရင်းပါလာတယ် ဆိုတော့ အဲ့အပေါ်မှာ ဆရာ့အနေနဲ့ဘာပြောချင်လဲ။
ဖြေ။ ။ ကျွန်တော့် နကိုယ်ရည်ရွယ်ချက်ကတော့ သူတို့ ဖုန်းဆက်သွယ်လာတဲ့အတွက် ကျွန်တော်ပြည်််နယ်အဆင့်လို့ပဲ အောက်မေ့တာ ဒါအမှန်အတိုင်းပြောတာ၊ ပြည်နယ်အဆင့် ဆိုရင်တော့ ကိုယ်လည်း ပြောချင်တာ ဆိုချင်တာရှိမယ်ပေါ့ဗျာ၊ အဲ့လိုမျိုးနဲ့ ကျွန်တော်ကလုပ်ပါ့မယ်ပေါ့ အဲ့လိုပြောလိုက်တဲ့အချိန်မှာ သူတို့က ကိိုယ်ရေးကိုတောင်းတယ်ဗျ၊ ကိုယ်ရေးကိုတောင်းလိုက်တော့ ကျွန်တော် ကွန်ပျုတာဆိုင်တွေလည်းပိတ်တော့ ကွန်ပျုတာဆိုင်တွေကို ဖွင့်ခိုင်းပြီးမှ ကျွန်တော် ကွန်ပျုတာနဲ့ ဖြည့်ပြီးတော့ Viber နဲ့ပို့လိုက်တယ်၊ ကျွန်တော် Viber ပို့လိုက်တဲ့နောက် နာရီဝက် အတွင်း မှာ သတင်းကတင်လာတာပါ၊ သူတို့ဆက်သွယ်တာက မိုးမချုပ်ခင် မနေ့ကမှ ဆက်သွယ်တာပါ။
မေး။ ။ အခုလိုမျိုး တပ်မတော်ရဲ့ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် အခန့်ခံလိုက်ရတဲ့အပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လိုမျိုး ဆက်လက် ဆောင်ရွက်ထားဖို့ စဉ်းစားထားတာရှိလဲဗျ။
ဖြေ။ ။ ပြောစရာရှိတာတွေတော့ ပြောရမယ်လို့ထင်တာပဲဗျ၊ ကျန်တာတော့ ဘာမှမသိရသေးဘူးဆိုတော့ ကြို တင်ပြီးတော့ ဘာမှပြောလို့တော့မရဘူးပေါ့ဗျ၊ ကျွန်တော်တို့ သူတို့ပြောတာလည်း နိုင်ငံတော် အတွက်ပါလို့ပြောတော့ နိုင်ငံတော်အတွက်နဲ့ ကျွန်တော် အမျိုးသားရေး အတွက်ကတော့ ကျွန်တော်လည်း ညာဏ်မှီသလောက်ပေါ့နော် ကျွန်တော်လည်း ပွင့်ပွင့်လင်းလင်း ဝန်ခံချင်တာကတော့ နိုင်ငံတကာရေးရာမှာတော့ ကိုယ်ကသိပ်ပြီးမနှံ့စပ်ဘူးပေါ့။
မေး။ ။ အခုလိုမျိုး ဆရာ့ကို နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်တဲ့အပေါ်မှာ ဝေဖန်မှု တချို့လည်းရှိတယ်ပေါ့နော် အဲ့ အပေါ်မှာ ဆရာ့အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ဟုတ်ကဲ့ အဲ့တာကတော့ အမျိုးတွေကိုယ်တိုင်က ကျွန်တော့်ကို လုံးဝကန့်ကွက်ကြတာတွေရှိပါတယ်၊ ဒါပေမယ့် တခြား၊ အဖွဲ့အစည်း ဒါမဟုတ် ပုဂ္ဂိုလ်ရေးအရပေါ့နော် ထောက်ခံတဲ့သူတွေ ကျွန်တော့ဆွေးမျိုးအရင်းမှာလည်း ရှိပါတယ်၊ ဒါပေမယ့် တယောက်နဲ့တယောက်ကတော့ မတူနိုင်ဘူးပေါ့၊ ကျွန်တော်တို့ အခုပြောနေတဲ့အတိုင်းပေါ့နော် လွတ်လပ်စွာ သဘောထားကွဲပြားတယ်လိုု့ထင်ပါတယ်၊ ကျွန်တော်ကတော့ ကိုယ်လုပ်နိုင်တဲ့ဟာ၊ ကိုယ်တခုခု ပြောချင်တဲ့အရာကို ပြောဖို့အခွင့်အရေးတရပ်လို့ပဲ မြင်ပါတယ်၊ အရင်ကတည်းကလည်း ဒီပါတီ၊ အဖွဲ့အစည်း ဘာညာတွေကို ကျွန်တော် တောက်လျှောက်ငြင်းလာတာပဲ၊ ဝင်ရင်များ မှန်မလားဆိုပြီးဝင်တာဖြစ်ပါတယ်၊ လုပ်ရေ ကိုင်ရေသိပ်အဆင်မပြေတော့ဘူး ဆိုရင်တော့ ကျွန်တော်ကတော့ ပြောပြီး ထွက်ပါ့မယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ အခုလို တပ်မတော်အစိုးရမှာ ခန့်အပ်ခံရတဲ့အပေါ်မှာ ဖြည့်စွပ်ပြောချင်တာများရှိလား။
ဖြေ။ ။ အဲတာနဲ့ပက်သက်ပြီးတော့မှ ကျွန်တော့်အဖေ ဦးဝမ္မသူးမောင်းကို ပြောတဲ့သူတစ်ယာက်ရှိတယ်၊ ကြုံတုန်းပြောပြအုံးမယ်၊ သူကဘာပြောလဲဆိုရင် ခင်ဗျားအဖေက ဆွဲခန့်ပါတဲ့၊ ကျွန်တော်လည်း အခုလိုပဲခံစားရပါတယ်၊ ဆွဲခန့်ပါပဲ။
Photo Crd: Chin World
#Zawgyi
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ချင်းအမျိုးသား ဦးမောင်းဟာနှင့် ဆက်သွယ်မေးမြန်းချက်
By Benezer – နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကသိမ်းယူလိုက်တဲ့ တပ်မတော်က နိုင်ငံတော် စီမံအုပ်ချူပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ပြီး အဲဒီကောင်စီအဖွဲ့ဝင်ထဲမှာ နယ်ချဲ့တော်လှန်ရေး ချင်းမျိုးချစ်ခေါင်းဆောင် ဦးဝမ္မသူးမောင်း၏ သား ဦးမောင်းဟာ ကိုလည်း ထည့်သွင်းခန့်အပ်ခဲ့ပါတယ်။
ဖြေ။ ။ ကျွန်တော့် နကိုယ်ရည်ရွယ်ချက်ကတော့ သူတို့ ဖုန်းဆက်သွယ်လာတဲ့အတွက် ကျွန်တော်ပြည်နယ်အဆင့်လို့ပဲ အောက်မေ့တာ ဒါအမှန်အတိုင်းပြောတာ၊ ပြည်နယ်အဆင့် ဆိုရင်တော့ ကိုယ်လည်း ပြောချင်တာ ဆိုချင်တာရှိမယ်ပေါ့ဗျာ၊ အဲ့လိုမျိုးနဲ့ ကျွန်တော်ကလုပ်ပါ့မယ်ပေါ့ အဲ့လိုပြောလိုက်တဲ့အချိန်မှာ သူတို့က ကိုယ်ရေးကိုတောင်းတယ်ဗျ၊ ကိုယ်ရေးကိုတောင်းလိုက်တော့ ကျွန်တော် ကွန်ပျုတာဆိုင်တွေလည်းပိတ်တော့ ကွန်ပျုတာဆိုင်တွေကို ဖွင့်ခိုင်းပြီးမှ ကျွန်တော် ကွန်ပျုတာနဲ့ ဖြည့်ပြီးတော့ Viber နဲ့ပို့လိုက်တယ်၊ ကျွန်တော် Viber ပို့လိုက်တဲ့နောက် နာရီဝက် အတွင်း မှာ သတင်းကတင်လာတာပါ၊ သူတို့ဆက်သွယ်တာက မိုးမချုပ်ခင် မနေ့ကမှ ဆက်သွယ်တာပါ။
ဖြေ။ ။ ဟုတ်ကဲ့ အဲ့တာကတော့ အမျိုးတွေကိုယ်တိုင်က ကျွန်တော့်ကို လုံးဝကန့်ကွက်ကြတာတွေရှိပါတယ်၊ ဒါပေမယ့် တခြား၊ အဖွဲ့အစည်း ဒါမဟုတ် ပုဂ္ဂိုလ်ရေးအရပေါ့နော် ထောက်ခံတဲ့သူတွေ ကျွန်တော့ဆွေးမျိုးအရင်းမှာလည်း ရှိပါတယ်၊ ဒါပေမယ့် တယောက်နဲ့တယောက်ကတော့ မတူနိုင်ဘူးပေါ့၊ ကျွန်တော်တို့ အခုပြောနေတဲ့အတိုင်းပေါ့နော် လွတ်လပ်စွာ သဘောထားကွဲပြားတယ်လို့ထင်ပါတယ်၊ ကျွန်တော်ကတော့ ကိုယ်လုပ်နိုင်တဲ့ဟာ၊ ကိုယ်တခုခု ပြောချင်တဲ့အရာကို ပြောဖို့အခွင့်အရေးတရပ်လို့ပဲ မြင်ပါတယ်၊ အရင်ကတည်းကလည်း ဒီပါတီ၊ အဖွဲ့အစည်း ဘာညာတွေကို ကျွန်တော် တောက်လျှောက်ငြင်းလာတာပဲ၊ ဝင်ရင်များ မှန်မလားဆိုပြီးဝင်တာဖြစ်ပါတယ်၊ လုပ်ရေ ကိုင်ရေသိပ်အဆင်မပြေတော့ဘူး ဆိုရင်တော့ ကျွန်တော်ကတော့ ပြောပြီး ထွက်ပါ့မယ်။
Photo Crd: Chin World
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website
Related Posts
ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး
ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်
တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့
Leave A Reply Cancel Reply
  • Featured Article
January 27, 2023
ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး
January 20, 2023
ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)
January 20, 2023
“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”
January 13, 2023
“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”
Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.
Type above and press Enter to search. Press Esc to cancel.