Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လေမြိုမြစ်ရေကြီးမှုကြောင့် ပလက်ဝမြို့နယ်က ကျေးရွာ ၁၃ ရွာမှ ပြည်သူများ ရေဘေးဒုက္ခကြုံတွေ့နေရ၊ နေထိုင်စားသောက်ရေး အကူအညီလိုအပ်နေ

လေမြိုမြစ်ရေကြီးမှုကြောင့် ပလက်ဝမြို့နယ်က ကျေးရွာ ၁၃ ရွာမှ ပြည်သူများ ရေဘေးဒုက္ခကြုံတွေ့နေရ၊ နေထိုင်စားသောက်ရေး အကူအညီလိုအပ်နေ

0
By Editor on August 28, 2024 Headline

(004SS)

ချင်းပြည်နယ်‌တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် လေမြိုမြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာ ၁၃ ရွာမှ ပြည်သူများ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး အရေးပေါ်အကူညီ လိုအပ်‌နေကြောင်း သိရသည်။

အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ ဒုတိယ နဲ့ တတိယပတ်အတွင်း လေမြိုမြစ်ရေ မြင့်တက်ပြီး ‌မြစ်ကမ်း‌နဘေးရှိ နေအိမ်များ၊ စပါးကျီများနှင့် စိုက်ခင်းများ ရေနစ်မြုပ်ကာ ပျက်စီးသွားကြောင်း သိရသည်။

“လေမြိုဘက် ကျေးရွာ ၁၃ ရွာမှာ အခု ရေဘေးသင့်နေတာပေါ့၊ တော်တော်များများက ကမ်းနားမှာ တည်ထားတဲ့ရွာတွေ ဆိုတော့ ဝါးနဲ့ဆောက်ထားတဲ့အိမ်တွေဆိုလို့ရှိရင် တော်တော်များများရေထဲပါသွားတာပေါ့။ ပြီးရင် ပစ္စည်းတွေရော တော်တော်များများပါသွားတယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ စုံစမ်းနေတုန်းပဲ” ဟု ကြားကာလခူမီး (ချင်း) ရေးရာအတိုင်ပင်ခံကောင်စီ IKACC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျေးရွာ ၁၃ ရွာအပြင် ယာခင်းများရှိနေအိမ်များလည်း ရေနစ်မြုပ်သွားကြောင်း သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူ ၅၀၀ – ၇၀၀ ဝန်းကျင်မှာ နီးစပ်ရာကျေးရွာနှင့် ဆွေမျိုးများထံ ခေတ္တခိုလုံနေကြရသလို ကျေးရွာ ဘာသာရေးအဖွဲ့မှ ယာယီတည်းခိုနိုင်ရန် ဆောက်လုပ်ပေးသော အိမ်များတွင် အဆင်ပြေသလို ခိုလုံနေကြရသည်ဟု သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယာခင်း အမြောက်မြားပျက်စီးသည့်အပြင် အချို့မှာ အိမ်မွေးတိရိစ္ဆာန်များ၊ စားစရာ များနှင့် အဝတ်အထည်များအား ရွှေ့ပြောင်းနိုင်ခြင်းမရှိဘဲ ရေထဲပါသွားကြောင်းလည်း သိရသည်။

“သူတို့နေဖို့ထိုင်ဖို့အတွက် အဓိက နေ့စဉ်စားဝတ်နေရေးဖြေရှင်းဖို့တွေ၊ လက်ရှိအနေအထားမှာတော့ အိမ်တွေလဲ ပျက်စီးသွားတယ်၊ လူနေမှုအတွက်အရေးကြီးတဲ့ဟာတွေ အကုန်ပျက်ဆီးသွား‌ေတာ့ နေထိုင်ဖို့ မိုးကာလိုမျိုးဟာတွေတော့ emergency ကူညီပေးနိုင်ဖို့ တောင်းဆိုချင်ပါတယ်” ဟု IKACC မှ တာဝန်ရှိသူက ပြောသည်။

ထို့အပြင် ကလေးငယ်များအပါအဝင် ရေဘေးသင့် ပြည်သူများသည် နှာဆေး၊ ချောင်းဆိုး၊ ဖျားနာခြင်းများ ဖြစ်ပွားကာ ဆေးဝါးအကူအညီများလည်း အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ကြားကာလခူမီး (ချင်း) ရေးရာအတိုင်ပင်ခံကောင်စီအနေဖြင့်လည်း လတ်တလော ရေဘေးသင့်‌ပြည်သူများ အကူအညီရရှိနိုင်ရေး ဆောင်ရွက်‌‌ေပးနေကြောင်း သိရပြီး လက်ရှိအချိန်တွင် ရေဘေးသင့်ပြည်သူများသည် မည်သည့်အကူညီမှ မရရှိသေးဘဲ အခက်အခဲများစွာရင်ဆိုင်နေကြရကြောင်း သိရသည်။

ဩဂုတ်လ ပထမပတ်ကလည်း ပလက်ဝမြို့နယ် ဆမီးဒေသရှိ ကျေးရွာတစ်ရွာတွင် မိုးရေကြီးမှုကြောင့် အိမ်ခြေ ၃၀ ကျော် ပျက်စီးခဲ့ရကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.