Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လောင်တလိုင်ခရိုင်ကိုဖြတ်၍ ချင်းပြည်နယ် ပလက်ဝဘက်သို့ လောင်စာဆီနှင့် အခြေခံစားကုန်များ တင်သွင်းခွင့် ပြန်လည်ခွင့်ပြု

လောင်တလိုင်ခရိုင်ကိုဖြတ်၍ ချင်းပြည်နယ် ပလက်ဝဘက်သို့ လောင်စာဆီနှင့် အခြေခံစားကုန်များ တင်သွင်းခွင့် ပြန်လည်ခွင့်ပြု

0
By Editor on June 13, 2024 Headline

(005MK)

မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်ကိုဖြတ်၍ ချင်းပြည်နယ်ပလက်ဝမြို့နယ်ကတဆင့် ရခိုင်ပြည်နယ်ထဲသို့ လောင်စာဆီနှင့် အခြေခံစားသုံးကုန်များတင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဗဟိုလိုင်းလူငယ်များအသင်း(Central Young Lai Association) က ပြန်လည်ခွင့်ပြုလိုက်ပြီဟုသိရသည်။

မကြာသေးခင်ရက်ပိုင်းက အာရက္ခတပ်တော် (AA) နှင့် ဗဟိုလိုင်းလူငယ်အသင်း(CYLA) တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လောင်တလိုင်ခရိုင်မှတဆင့် ပလက်ဝမြို့သို့ ကုန်ပစ္စည်းတင်သွင်းမှု လမ်းကြောင်းကို ဇွန်လ ၁၁ ရက်နေ့က စ၍ CYLA က ပြန်ဖွင့်ပေးလိုက်ပြီဟု လောင်တလိုင်အခြေစိုက် The Lairam Times က ဖော်ပြသည်။

လောင်တလိုင်ခရိုင်တွင် ဩဇာကြီးမားသည့် CYLA လူငယ်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝ နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲများ တနေ့ထက်တနေ့ပြင်းထန် လာသော ကြောင့် ကုန်သည်နှင့် ယာဥ်မောင်းများ၏ အသက်အန္တရာယ်စိုးရိမ်ရသည်ဟုဆိုကာ မေလ ၂၅ ရက်နေ့ကစ၍ ကုန်ပစ္စည်းပို့ ဆောင်မှုကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

အာရက္ခတပ်တော် (AA) နှင့် လူငယ်အဖွဲ့အစည်းကြား ကုန်ပစ္စည်းများ ပြန်လည်ပို့ဆောင်ပေးရန် သဘောတူညီခဲ့ပြီး နောက် လေ့လာရေးအဖွဲ့ (Study Team) အဖွဲ့တခုကိုလည်း ဖွဲ့စည်းကာ ကုန်တင်ပို့မှုအပေါ် လူငယ်အသင်းဘက်က ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့ နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်က ဒေသခံပြည်သူများသည် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်လိုအပ်ချက်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကတဆင့် အဓိက တင်သွင်းလျှက်ရှိကြသည်။

ပုံစာ – ယခင်ပုံဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.