Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»လောင်တလိုင်ခရိုင်ကိုဖြတ်၍ ချင်းပြည်နယ် ပလက်ဝဘက်သို့ လောင်စာဆီနှင့် အခြေခံစားကုန်များ တင်သွင်းခွင့် ပြန်လည်ခွင့်ပြု

လောင်တလိုင်ခရိုင်ကိုဖြတ်၍ ချင်းပြည်နယ် ပလက်ဝဘက်သို့ လောင်စာဆီနှင့် အခြေခံစားကုန်များ တင်သွင်းခွင့် ပြန်လည်ခွင့်ပြု

0
By Editor on June 13, 2024 Headline

(005MK)

မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင်ကိုဖြတ်၍ ချင်းပြည်နယ်ပလက်ဝမြို့နယ်ကတဆင့် ရခိုင်ပြည်နယ်ထဲသို့ လောင်စာဆီနှင့် အခြေခံစားသုံးကုန်များတင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဗဟိုလိုင်းလူငယ်များအသင်း(Central Young Lai Association) က ပြန်လည်ခွင့်ပြုလိုက်ပြီဟုသိရသည်။

မကြာသေးခင်ရက်ပိုင်းက အာရက္ခတပ်တော် (AA) နှင့် ဗဟိုလိုင်းလူငယ်အသင်း(CYLA) တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လောင်တလိုင်ခရိုင်မှတဆင့် ပလက်ဝမြို့သို့ ကုန်ပစ္စည်းတင်သွင်းမှု လမ်းကြောင်းကို ဇွန်လ ၁၁ ရက်နေ့က စ၍ CYLA က ပြန်ဖွင့်ပေးလိုက်ပြီဟု လောင်တလိုင်အခြေစိုက် The Lairam Times က ဖော်ပြသည်။

လောင်တလိုင်ခရိုင်တွင် ဩဇာကြီးမားသည့် CYLA လူငယ်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝ နှင့် ရခိုင်ပြည်နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲများ တနေ့ထက်တနေ့ပြင်းထန် လာသော ကြောင့် ကုန်သည်နှင့် ယာဥ်မောင်းများ၏ အသက်အန္တရာယ်စိုးရိမ်ရသည်ဟုဆိုကာ မေလ ၂၅ ရက်နေ့ကစ၍ ကုန်ပစ္စည်းပို့ ဆောင်မှုကို ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

အာရက္ခတပ်တော် (AA) နှင့် လူငယ်အဖွဲ့အစည်းကြား ကုန်ပစ္စည်းများ ပြန်လည်ပို့ဆောင်ပေးရန် သဘောတူညီခဲ့ပြီး နောက် လေ့လာရေးအဖွဲ့ (Study Team) အဖွဲ့တခုကိုလည်း ဖွဲ့စည်းကာ ကုန်တင်ပို့မှုအပေါ် လူငယ်အသင်းဘက်က ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်၀မြို့ နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာပြည်မဘက်မှ လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ လနှင့်ချီကြာမြင့်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်က ဒေသခံပြည်သူများသည် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်လိုအပ်ချက်များကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကတဆင့် အဓိက တင်သွင်းလျှက်ရှိကြသည်။

ပုံစာ – ယခင်ပုံဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.