Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»လောင်ထန်တလန်ရွာမှ နှင်ထုတ်ခံရမှုကို ဒေသပြည်သူ့ရေးရာကောင်စီတွင် ဆွေးနွေးဆုံးဖြတ်မည်ဟု LRPA ထုတ်ပြန်

လောင်ထန်တလန်ရွာမှ နှင်ထုတ်ခံရမှုကို ဒေသပြည်သူ့ရေးရာကောင်စီတွင် ဆွေးနွေးဆုံးဖြတ်မည်ဟု LRPA ထုတ်ပြန်

0
By Editor on August 21, 2024 Khonumthung

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ကျေးရွာ၏ ဘာသာအယူဝါဒဆိုင်ရာပြဿနာကြောင့် ကျေးရွာမှနှင်ထုတ်ခံရသောဖြစ်စဉ်ကို လောက်တူ ပြည်သူ့ရေးရာကောင်စီ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

လောင်ထန်တလန်ကျေးရွာအတွင်းရှိ နှစ်ခြင်းအသင်းတော် နှင့် Assemblies of God – AG အသင်းတော်ကြား ဖြစ်ပွားသော ဘာသာရေး ပြဿနာမှာ ညှိနှိုင်း၍ မရသောကြောင့် AG အသင်းသူ၊ အသင်းသားများ ဩဂုတ်လ ၁၅ ရက်က ရွာမှ နှင်ထုတ်ခံရမှု နှင့်ပတ်သက်၍ လောင်တူနယ်ဒေသ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – LRPA က ဩဂုတ်လ ၁၉ ရက်က အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းမှ အစပြု၍ လောင်ထန်တလန်ကျေးရွာတွင် ဘာသာရေးအဖွဲ့အစည်များကြား ဘာသာရေး ပြသာနာ ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက်စလုံးမှ ဒေသတရားရေးအဖွဲ့သို့ အပြန်အလှန် တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်ပွားစေနိုင်သော ဘာသာရေး ကိစ္စအဖြစ် ဒေသတရားရေးအဖွဲ့က သုံးသပ်ပြီး ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ကြားဝင်ဖြန့်ဖြေပေးနိုင်ရန် ၂၀၂၄ ခုနှစ် မေလ ၈ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မေလ ၁၅ ရက်နှင့် ၂၅ ရက်တို့တွင် ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှစ်ကြိမ် မြေပြင်သို့ ကွင်းဆင်းဖြန့်ဖြေမှုများ ဆောင်ရွက်ခဲ့ သော်လည်း နှစ်ဖက်တင်းမာမှု မြင့်မားနေသောကြောင့် ပြေလည်မှုရရှိသည်အထိ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။

လိုအပ်သော အကြံဉာဏ်များ ရယူခြင်း၊ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းများ ဆောင်ရွက်ပြီး လောက်တူ ပြည်သူ့ရေးရာ ကောင်စီအစည်းအဝေတွင် ဆက်လက်ဆွေးနွေးဆုံးဖြတ်ရန် အာဂျင်ဒါထည့်သွင်းဖြန့်ဝေပြီးနောက် ရွာမှ နှင်ထုတ်ခံရမှုဖြစ်စဉ် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

အလွန်သတိပြု၍ ဆောင်ရွက်နေသော ဖြစ်စဉ်အပေါ် လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်သော အခင်းအကျင်းဖြစ်အောင် ကြံရွယ်ခြင်းဖြစ်စေ၊ မကြံရွယ်ဘဲဖြစ်စေ ဖန်တီးသူ၊ လှုံ့ဆော်သူများကို လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လောက်တူနယ်ဒေသ ပအဖက သတင်းထုတ်ပြန်သည်။

ဘာသာရေးပြဿနာများမှ လူထုအတွင်း နိုင်ငံရေး၊ လူမှုရေး ပြဿနာများဖြင့် တော်လှန်ရေးလုပ်ငန်း ထိပါးစေသူများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု ယင်းပအဖက ဆိုသည်။

ပြည်တွင်းပြည်ပလောက်တူပြည်သူများအနေဖြင့် မလိုလားအပ်သော အမုန်းပွားလှုံဆော်မှုဖြစ်စေသည့် လုပ်ရပ်များကို အထူးသတိပြု ရှောင်ကြဉ်းပေးရန်နှင့် ပြင်ပ ပယောဂများကြောင့် အချင်းချင်းကြား စည်းလုံးညီညွတ်မှု ယိမ်းယိုင်မသွားမိစေရေး တော်လှန်ရေးအသိတရားဖြင့် ရပ်တည်သွားကြရန် လောက်တူပအဖက နှိုးဆော်ထားသည်။

လောင်ထန်းတလန်ကျေးရွာတွင် ရွာမူဝါဒအရ အသင်းတော် သုံးပါးသာ ထားရှိမည်ဟူ၍ သဘောတူထားပြီး နှစ်ခြင်းအသင်းတော်၊ ကတ်သလစ် အသင်းတော်နှင့် Mara Evangelical Church – MEC အသင်းတော်တို့ ရှိကြောင်း သိရသည်။

MEC အသင်းတော်က ရပ်နားချိန်တွင် AG အသင်းတော်အဖြစ် ဖွဲ့စည်းတည်ထောင်ချိန်မှာ ဘာသာရေးဆိုင်ရာပြဿနာများ စတင်ဖြစ်လာခဲ့ကြောင်း၊ လောင်ထန်တလန်ကျေးရွာမှ နှင်ထုတ်ခံရမှုတွင် လူဦးရေ ၅၀ ခန့်ရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးအခြေအနေကြောင့် ပြည်သူများ ရိက္ခာ၊ ဆေးဝါးများလုံလောက်စွာစုဆောင်းပြီး ဗုံးခိုကျင်းများကြိုတင်ပြင်ဆင်ရန် ဆဲန်ထန်ဗဟိုကောင်စီထုတ်ပြန်

ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အဖမ်းအဆီးကြမ်းနေ

လုံခြုံရေးအခြေအနေကြောင့် ရိဒ်ခေါဒါရ်- လိုင်တွီးလမ်းကို အချိန်အကန့်အသတ်ဖြင့်သာ သွားလာခွင့်ပြုမည်ဟု CDF-Hualngoram ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.