ချင်းပြည်နယ် ဟားခါးမြို့ ပြည်တော်သာရပ်ကွက်တွင်ရှိသော ဆောက်လုပ်ရေးရိပ်သာ ၂ ထပ်တိုက်တစ်လုံးသည် ယနေ့နံနက်ပိုင်း ၂ နာရီကျော်ကျော်ခန့်က မီးလောင်းမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဆောက်လုပ်ရေးရိပ်သာသည် ဟားခါးမြို့ ဝမ္မသူးမောင်အားကစားကွင်းအပေါ်နားတွင်တည်ရှိပြီး ယနေ့နံနက်ပိုင်း ၂ နာရီကျော်ကျော်ခန့်မှစ၍ ၃ နာရီခန့်အထိ မီးလောင်ပျက်စီးသွားသည်ဟု ဟားခါးမြို့ခံ တစ်ဦးကပြောသည်။
ဖုန်းအားသွင်းရာမှ အပူလွန်ကဲမှုကြောင့် မီးစတင်လောင်ကျွမ်း ခြင်းဖြစ်သည်ဟု သိရသော်လည်း သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
ယင်းဆောက်လုပ်ရေးရိပ်သာတွင် သီမစ်တံတားတည်ဆောက်ရန် တည်းခိုနေသူအချိူ့လည်းရှိသည်ဟုသိရပြီး မီးလောင်မှုကြောင့် လူတချိူ့ပျောက်ဆုံးနေသည်ဟုလည်း သိရသည်။