Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့က ပြည်သူ့စစ် ၄ ဦး လက်နက်များနှင့်အတူ CDF-Hakha ထံ အလင်းဝင်

ဟားခါးမြို့က ပြည်သူ့စစ် ၄ ဦး လက်နက်များနှင့်အတူ CDF-Hakha ထံ အလင်းဝင်

0
By Editor on January 21, 2025 Khonumthung

(004SS)

ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ကျနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးသည် လက်နက်များနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် CDF-Hakha က ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၄ ဦးသည် စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း မရှိကြတော့ ဘဲ ပြည်သူများနှင့် ပူးပေါင်းပါဝင်လိုခြင်းကြောင့် ဇန်နဝါရီလ ၈ ရက်နေ့နှင့် ၁၄ ရက်နေ့တွင် အလင်းဝင်ရောက်လာကြသည်ဟု CDF-Hakha ကဆိုသည်။

လက်နက်များနှင့်အတူ အလင်းဝင်လာကြသော ပြည်သူ့စစ် ၄ ဦးအား ဆုငွေ ချီးမြှင့်ပြီးနောက် လွတ်မြောက်နယ်မြေရောက် သည်အထိ တာဝန်ယူဆောင်ရွက်ပေးခဲ့ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူများနှင့် ပူပေါင်းကာ တော်လှန်ရေးတွင် ပါဝင်လိုသူများကို အမြဲကြိုဆိုပြီး အချိန်မရွေး ဆက်သွယ်လာနိုင်ကြောင်း၊ လွတ်မြောက်နယ်မြေရောက်သည်အထိ တာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း CDF-Hakah က အသိပေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့ကလည်း ပြည်သူ့စစ် ၃ ဦးသည် လက်နက်များနှင့် အတူ CDF-Hakha ထံ အလင်းဝင်ရောက်လာခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.