• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

0
By Editor on January 27, 2023 Headline

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းက ခရီးသွားသူများနှင့် ဒေသခံ အရပ်သားပြည်သူ ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့တွင် အသက် ၁၆ နှစ်အောက်လူငယ် ၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးဖွဲ့ CHRO ထံမှသိရသည်။

ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Hakha တပ်ဖွဲ့တို့ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပြီးနောက် အခင်းဖြစ်ပွားရာအနီးတဝိုက်ရှိ နေအိမ် ၃ လုံးကို စက်ကြီးဖြင့် ဖျက်ဆီးခံရသည့်အပြင် ခရီးသွားနှင့်အရပ်သားပြည်သူ ၁၃ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“အဲဒီပစ်ခတ်မှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်တပ်ဘက်ရောက်လာပြီးတော့ လူနေအိမ်တွေဖျက်ဆီးလိုက်တယ်ပြီးတော့ အနီးနားကအိမ်တစ်လုံးကလူတွေကိုဖမ်းဆီးသွားတယ် နောက်ပြီးတော့ ပစ်ခတ်မှုဖြစ်ပွားတဲ့နောက်မှာ အဲဒီဂိတ်ကို လာဖြတ်တဲ့လူတွေကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တယ် မနေ့ည ၇ နာရီအထိရရှိတဲ့သတင်းအရတော့ အားလုံးဖမ်းခံရသူက ၁၃ ဦးရှိတယ်လို့ သိရပါတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဆလိုင်းဇအုပ်လိန်က ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများအနက် အသက် ၁၆ နှစ်အောက်လူငယ် ၇ ကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ပြန်လွတ်ပေးခဲ့ပြီး ကျန် ၆ ယောက်၏ အခြေအနေကိုတော့ မသိရသေးကြောင်း သူကဆက်ပြောပါတယ်။

“အခုလိုမျိုး အိမ်တွေဖျက်ဆီးတာ၊ လူတွေလိုက်ဖမ်းတာက သူတို့ကျင်းပမယ့် ဒီမိုကရေစီ Election ကြေညာထားတဲ့ဟာနဲ့ ကိုက်ညီမှုမရှိဘူးပေါ့နော် ပြီးတော့ ပြည်သူလူတွေကို ဒီလိုမျိုး မတရားသဖြင့် လိုက်လံဖမ်းဆီးပြီးတော့ အိုးအိမ်တွေကို ဖျက်ဆီးတာမျိုးက တကယ်ကို ဆိုးရွားတဲ့ အခြေခံ လူ့အခွင့်ရေးချိုးဖောက်မှုပါပဲ” ဟု ဇအုပ်လိန်ကပြောသည်။

ကျော်ဘုတ်ရပ်ကွက်ရှိ စကစ စစ်ဆေးရေးဂိတ်သည် ဟားခါးမြို့မှ မတူပီမြို့ဖက်သို့သွားသော ကားလမ်းပေါ်ရှိ ဂိတ်တစ်ခုဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါဂိတ်ရှိ တာဝန်ကျသော စစ်ကောင်စီတပ်သားများက ဂိတ်ကို ဝင်/ထွက်သွားလာသော ပြည်သူများထံမှ ငွေကြေးအဆမတန်ကောက်ခံခြင်း၊ ပစ္စည်းများ အတင်းအဓ္ဓမသိမ်းယူခြင်းနှင့် ခရီးသွားထောက်ခံစာမရှိသူများ ဝင်/ထွက်သွားလာခြင်းပိတ်ပင်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – ယခင်ပုံဟောင်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.