ဟားခါးမြို့တွင် ယမန်နေ့တစ်ရက်တည်းတွင် အဖမ်းခံရသူ ၈ ဦးရှိ

0
Benezer – ချင်းပြည်နယ် ဟားခါးမြို့တွင် ဧပြီလ ၂ရက်နေ့ ယမန်နေ့ တစ်ရက်တည်းတွင် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဖမ်းစီးခဲ့သူ ၈ ဦး ရှိပြီး အမျိုးသား ၆ ဦး အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။
ဖမ်းစီးခံရသူများမှာ ယမန်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် ဂန်ဂေါလမ်းမှာ သွားလာနေသည့် Van Dawt Thaawng, Bawi Cung Nung, Siang Tha Cem, Tum Cung, Siang Ling တို့အား စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခဲ့သည်။
ထို့ပြင် ညပိုင်း ၇နာရီခွဲခန့်တွင် ဦးသာအေး အား ၎င်း၏နေအိမ်တွင် ဝင်ရောက်ဖမ်းစီးခဲ့ပြီး ညပိုင်း ၁၁နာရီ ၄၅ မိနစ်ခန့်တွင် Esther Zing Tha Cuai နှင့် အစ်မဖြစ်သူ Aye Maw တို့အား ၎င်းတို့အိမ်သို့ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။
ဟားခါးမြို့တွင် ယခုရက်ပိုင်း အကြောင်းအရင်းသေချာမသိရဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ပြည်သူများအား နေ့စဉ်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
Share.

About Author

Leave A Reply