Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

0
By Editor on May 25, 2022 Headline

ချင်းပြည်နယ် ဟားခါးမြို့တွင် ပညာရေးဌာနနှင့် အခွန်ဦးစီးဌာနက ဦးစီးအရာရှိအဆင့်ရှိသည် ဝန်ထမ်း ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ဟားခါးမြို့ ပြည်နယ် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိဖြစ်သူ ဒေါ်ဝုန်းဟွဲ့နှင့် ပြည်တွင်းအခွန်များဦးစီးဌာနက ဒု-ဦးစီးမှူး ဒေါ်အေးအေးမော်တို့ ၂ ဦးကို CDF တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ ယမန်နေ့နံနက်ပိုင်း ၁၁ နာရီခန့်က ရုံးတက်နေစဉ်မှာ အဖမ်းခံခဲ့ရသည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။

“CDF တွေကို အားပေးထောက်ခံလို့ လူမှုကွန်ယက်မှာလည်း မဟုတ်မမှန် သတင်းတွေလွှင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခံရတာလို့သိရတယ်၊ မနေ့ကနံနက်ပိုင်း ၁၁ နာရီလောက်မှာ သူတို့ရုံးခန်းမှာသွားဖမ်းတာ” ဟု ဟားခါးမြို့ဒေသခံကပြောသည်။

၎င်းတို့ ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့က မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရပဲ မိသားစုဝင်များနှင့်လည်း ယခုချိန်ထိအဆက်အသွယ်မရသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း ဖလမ်းမြို့က CDM ပြုလုပ်ထားသော ဝန်ထမ်း ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရက်အနည်းငယ်ထိန်းသိမ်းကာ ခံဝန်ကတိဖြင့်ပြန်လွှတ်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာဖြင့် အစိုးရဝန်ထမ်းအများစုသည် CDM ပြုလုပ်ခဲ့ကြရာ ချင်းပြည်နယ်သည် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် CDM ပြုလုပ်မှု အားအကောင်းဆုံးပြည်နယ်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.