• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့တွင် IDPs Camp တစ်ခုကို ချင်းခရစ်ယာန်ကျောင်းတွင် ဖွင့်လှစ်

ဟားခါးမြို့တွင် IDPs Camp တစ်ခုကို ချင်းခရစ်ယာန်ကျောင်းတွင် ဖွင့်လှစ်

0
By Editor on September 29, 2021 Headline

ချင်းပြည်နယ် ဟားခါးမြို့တွင် တိုက်ပွဲများကြောင့် နေအိမ် စွန့်ခွာနေရသည့် ပြည်သူများအတွက် ချင်းခရစ်ယာန်တက္ကသိုလ်တွင် စစ်ဘေးရှောင်စခန်း (IDPs camp) ကို စက်တင်ဘာ ၂ရ ရက်နေ့မှစပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“အခုကျွန်တော်တို့ IDP Camp လုပ်ရတဲ့အကြောင်းရင်းကတော့ မြို့တွင်းမှာ အပစ်အခတ်နဲနဲပါးပါးရှိလာတယ်၊ တစ်ချို့ အိမ်တွေမှာ ဆိုရင်တော့ ကျည်မှန်တယ် လက်နက်ကြီးတွေ ကျတယ်၊ တစ်ချို့မှာဆိုရင်တော့ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ အဲ့လိုမျိုးဖြစ်လာတဲ့ခါမှာ ကျွန်တော်တို့အနေနဲ့ IDP camp ကို CCU မှာ လုပ်ရခြင်းဖြစ်ပါတယ်၊ စစ်ဒဏ်ကြောင့်နေလို့ မရတော့တဲ့ အိမ်တွေ ရှိတော့ ရပ်ကွက်မှာ ပစ်ခတ်မှုတွေရှိတဲ့ နေရာတွေလည်း ရှိတော့ နေထိုင်လို့အဆင်မပြေတဲ့သူတွေ၊ အထူးသဖြင့် နေအိမ်စွန့်ခွာတဲ့ သူတွေအတွက် ကျွန်တော်တို့ လုပ်ဆောင်နေရဖြင်းဖြစ်ပါတယ်။ အဲ့နေရာမှာတော့ ပြည်သူလူထု အားလုံးအတွက်ဖြစ်ပါတယ်” ဟု စခန်းတာဝန်ခံ ပါစတာ ရွှေမန်းကပြောသည်။

ဟားခါးစစ်ဘေးရှောင်စခန်းသည် ပြည်သူလူထုလုံခြုံမှုရှိစေရေးအတွက်ဖွင့်လှစ်ခြင်းဖြစ်ကာ မည်သူမဆို လူမျိူးဘာသာမရွေးလာရောက်ခိုလုံနိုင်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၃ ယောက်ခိုလုံလျှက်ရှိကြသည်ဟု ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့အနေနဲ့တော့ အထူးသဖြင့် ပြည်သူတွေ လုံခြုံဖို့ အတွက် ဟားခါးမြို့နယ်မက ပေါ့နော် နေထိုင်စရာ မရှိတဲ့ သူတွေအားလုံး၊ လူမျိုးအားလုံး၊ လူမျိုးဘာသာ မခွဲခြားပဲနဲ့ အဲ့မှာ ခိုလှုံချင်တဲ့သူတွေအတွက် ကျွန်တော်တို့ တံခါးအကြီးကြီး ဖွင့်ထားပါတယ်” ဟု ပါစတာရွှေမန်းကဆက်ပြောသည်။

စက်တင်ဘာ ၁၄ ရက်ကစပြီး စစ်ကောင်စီတပ်များက ဟားခါးမြို့တွင် ညတိုင်း လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရခဲ့ပြီး နေအိမ်အချိူ့မှာလည်း ပျက်စီးမှုများရှိခဲ့သည်။

ထို့အပြင် စက်တင်ဘာ ၁၈ရက်နေ့က စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ မြို့တွင်းသို့ပစ်ခတ်မှုကြောင့် ဟားခါးမြို့ရှိလူနေအိမ် ၂ လုံးမီးလောင်ကျွမ်းခဲ့ ပြီးနောက် ပြည်သူအချိူ့မှာလည်း နေအိမ်စွန့်ခွာကာ တောရွာများသို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.