Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဟားခါးမြို့နယ်တွင် နွေရာသီကာလ ၃ လအတွင်း အမဲလိုက်ခြင်းများ မပြုလုပ်ရန် တားမြစ်
Photo crd

ဟားခါးမြို့နယ်တွင် နွေရာသီကာလ ၃ လအတွင်း အမဲလိုက်ခြင်းများ မပြုလုပ်ရန် တားမြစ်

0
By Editor on February 27, 2024 Khonumthung

(004SS)

ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်း နွေရာသီကာလ ၃ လအတွင်း ကျေးငှက်နှင့် သားကောင်များ ပစ်ခတ်ခြင်း၊ အမဲလိုက် ခြင်းမပြုလုပ်ကြရန် Chinland Defense Force, Hakha Central Council က သတိပေးချက် ထုတ်ပြန်သည်။

ကျေးငှက် တိရိစ္ဆာန် သားကောင်များသည် အများအားဖြင့် နွေရာသီကာလအတွင်း သားကောင်ပေါက်ဖွားသည့် ရာသီဖြစ် သောကြောင့် လာမည့် မတ်လ ၁ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ၃ လတာ ကာလအတွင်း ဟားခါးမြို့နယ်အတွင်း အမဲလိုက်ခြင်း၊ သားကောင်ပစ်သတ်ခြင်းများလုံးဝမပြုလုပ်ရန် CDF-Hakha ဗဟိုကောင်စီက ဖေဖော်၀◌ါရီလ ၂၆ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်အား လိုက်နာခြင်းမရှိဘဲ ဖောက်ဖျက်သူများရှိပါက အမဲလိုက်ရာတွင် အသုံးပြုသည့် လက်နက်များ သိမ်းဆည်း မည့်အပြင် လုပ်ထုံးလုပ်နည်းအရ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

“ဒါက တကယ်ကို လိုက်နာသင့်တဲ့အရာဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီက တောငှက်နဲ့ သားကောင်များ သားပေါက် ဖွားတဲ့ရာသီ ဖြစ်တယ်လေ၊ ဉပမာတစ်နှစ်အတွင်း အကောင် ၂၀၊ ၃၀ ပွားမဲ့ဟာ ကိုယ်ပစ်လိုက်လို့ မှ သန္ဒေတည်နေတဲ့ အကောင်တွေပစ်လိုက်မိရင် ကိုယ့်နယ်မှာ သားကောင်တွေ ဘယ်လောက် ဆုံးရှုံးသွားမလဲ‌ေပါ့၊ ဆိုတော့ အခုလို သတိပေးချက်ကို လိုက်နာသင့်တယ်” ဟု ယခင်က အမဲလိုက်ဖူးသူ ဟားခါးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ ချင်းပြည်နယ် ထန်တလန်မြို့နယ် CDF-Zophei နယ်မြေအတွင်းမှာလည်း ကျေးငှက်နဲ့ သားကောင် များကို မပစ်သတ်ကြရန် ၂၀၂၄ ခုနှစ်နှစ်ဆန်းပိုင်းကတည်းက ပိတ်ပင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခင် စစ်အာဏာမသိမ်းမီက ဟားခါးမြို့နယ်တွင် အမဲလိုက်သူများခဲ့သော်လည်း ယခုတွင်မူ တိုက်ပွဲများ ဖြစ်ပွားခြင်း၊ နင်းမိုင်းများမကြာခဏပေါက်ကွဲခြင်းများကြောင့် အမဲလိုက်သူ နည်းပါးလာကြောင်း ဟားခါးမြို့‌ ဒေသခံများထံမှ သိရသည်။

ထိုသို့အမဲလိုက်ခြင်းအား မြို့ပေါ်နေ ပြည်သူများထက် ကျေးလက်နေ ပြည်သူ ပိုများပြီး အချို့မှာ အမဲလိုက်ခြင်းဖြင့် အသက် မွေးဝမ်းကြောင်းသူများလည်းရှိသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်မှ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်မည့်စီမံကိန်း ပဏာမစစ်တမ်းကောက်ယူမှု ပြီစီးပြီဟုဆို

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

PDF-Zoland ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇)အတွက် သင်တန်းသူ/သားများ လက်ခံနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.