• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ပြည်သူ့ဆေးရုံးတွင် အဖမ်းခံရသူများကို ပြန်လွှတ်ပေး

ဟားခါးမြို့ပြည်သူ့ဆေးရုံးတွင် အဖမ်းခံရသူများကို ပြန်လွှတ်ပေး

0
By Editor on October 6, 2022 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ (အောက်တိုဘာ ၄ ရက်) မွန်းလွဲပိုင်းက လာရောက်ပြသသည့် လူနာများနှင့် လူနာစောင့် အယောက် ၂၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့ဖမ်းဆီးပြီး ယင်းနေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံတစ်ဦးပြောပြချက်အရ သိရသည်။

ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်ပြီး ဆေးရုံအဝင်/အထွက်များစစ်ဆေးကာ ဆေးရုံပြင်ပလူနာဌာနသို့လာပြသည့် လူနာနှင့် ဆေးရုံအတွင်းရှိ လူနာစောင့် စုစုပေါင်း အယောက် ၂၀ ဝန်းကျင်ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူများအား ဟားခါးမြို့ရဲစခန်းသို့ ပို့ဆောင်ထိန်းသိမ်းခဲ့ပြီးနောက် ဆေးရုံက ဝန်ထမ်းတစ်ချို့နှင့် အသင်းတော်လူကြီးတစ်ချို့က ပြန်လည်လွှတ်ပေးရန် သွားရောက်တောင်းဆိုခဲ့ရာ ယမန်နေ့ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“မနေ့က အဖမ်းခံရတဲ့သူတွေထဲမှာ လူနာစောင့်တွေပါတယ် ပြီးတော့ ဆေးခန်းပြဖို့လာတဲ့ လူတစ်ချို့လည်းပါတယ်။ သူတို့ကို ဆေးရုံဝန်းထဲက ကွင်းပြင်မှာ စုထားပြီးတော့ စစ်သားတွေက အယောက် ၂၀ ပြည့်ပြီ သွားမယ်လို့ ပြောတယ်ဗျ။ အဖမ်းခံရတဲ့သူတွေကို ရဲစခန်းမှာ ဖုန်းတွေကို စစ်ပြီးတော့ ဘာမှမတွေ့လို့ ထင်တယ်၊ ညနေပိုင်းမှာ ပြန်လွှတ်ပေးတာဗျ။ သူတို့ကို ဆေးရုံလူနာတင်ကားက သွားကြိုတယ်” ဟု ဟားခါးြမို့ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့အား ရဲစခန်းတွင် စစ်ဆေးရာမှာလည်း ရဲဝန်ထမ်းများမှ ဖမ်းဆီးရသည့်အကြောင်းအရင်း မသိသည့်အတွက် အဖမ်းခံရသည့်သူများအား မည်သည့်ကိစ္စကြောင့် အဖမ်းခံလာရသည်ကို ပြန်လည်မေးမြန်းခဲ့ကြသည်ဟု သိရသည်။

၎င်းတို့ကို အထက်အမိန့်အရဟုဆိုကာ စစ်သားများက သွားရောက်ဖမ်းဆီးခြင်းဖြစ်သည် သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.