Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးမြို့ ပါတ်စပို့ရုံးတွင် နိုင်ငံကူးလက်မှတ် နယ်ကျော်လုပ်ခွင့် ရုတ်တရက်ပိတ်ပင်

ဟားခါးမြို့ ပါတ်စပို့ရုံးတွင် နိုင်ငံကူးလက်မှတ် နယ်ကျော်လုပ်ခွင့် ရုတ်တရက်ပိတ်ပင်

0
By Editor on October 19, 2023 Headline

(004SS)

ချင်းပြည်နယ် ဟားခါးမြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး (ပါတ်စ်ပို့ရုံး) တွင် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်များ နယ်ကျော်ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်သည်ဟု စုံစမ်းသိရှိရသည်။

ကြိုတင်အသိပေးခြင်းမရှိဘဲ နယ်ကျော်ပါတ်စပို့ ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်ရခြင်းကြောင့်  နယ်ခြားမှ ပါတ်စပို့လုပ်ရန် စောင့်ဆိုင်းနေကြသည့်  ပြည်သူများ အခက်တွေ့နေကြောင်း ဟားခါးမြို့ကို ပါတ်စပို့လုပ်ရန် ရောက်ရှိနေသော ချင်းအမျိုးသားတစ်ဦးက ပြောသည်။

“ရုံးဘက်ကတော့ ဒီလိုပဲ ပိတ်ခိုင်းလို့ ဒီနေ့ ပိတ်လိုက်တာ၊ နယ်ခြားဆို လက်မခံတော့ဘူးလို့ ပြောတယ်။ အခု ကျွန်တော်တို့ဆို ၅/ ပေါ့ ကလေးမြို့ကနေလာတာ ရက်ချိန်းယူပြီးစောင့်တာပေါ့ ဒီနေ့ဆို ကျွန်တော်တို့ ရက်ချိန်း ရတဲ့နေ့ပဲ အခု မလုပ်ပေးဘူး၊ ပြန်လှည့်ရတော့မယ်” ဟု ကလေးမြို့မှ ဟားခါးမြို့သို့ ပါတ်စပို့လုပ်ရန် ရောက်နေသည့် ချင်းအမျိုးသားတစ်ဦးကပြောသည်။

ဟားခါးမြို့ ပါတ်စပို့ရုံးတွင် နယ်ခြားမှ ရောက်ရှိလာသူများသည် ကြိုတင်ရက်ချိန်းယူကြရကာ နေစရိတ် စားစရိတ်နှင့် သွားလာရေးလမ်းစရိတ်များအား ကုန်ကျခဲ့ရပြီး၊ ယခုကဲ့သို့ ရက်ချိန်းနေ့တွင် ရုတ်တရက် ပြုလုပ်ခွင့် ပိတ်ပင်ခံရခြင်းကြောင့် နစ်နာမှုများ ကြုံနေကြရသည်ဟု သိရသည်။

ချင်းပြည်နယ်ပြင်ပ ချင်းလူမျိုးများအများစုနေထိုင်ကြသော ကလေးမြို့နယ်၊ တမူးမြို့နယ် နှင့် ဂန့်ဂေါမြို့နယ်မှ ချင်းပြည်သူများ၏ အခက်အခဲအား ဖြေရှင်းပေးသည့်အနေဖြင့် ဟားခါးမြို့တွင် တင်ပြညှိနှိုင်းချက်အရ ပါတ်စပို့ နယ်ကျော်လုပ်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

ယခုလက်ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဟားခါးမြို့ ပါတ်စ်ပို့ရုံးတွင် ချင်းပြည်နယ်အတွင်းရှိ ၄/ များအတွက်သာ လက်ခံကာ ပြုလုပ်ပေးနေကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း ၄/ များအတွက် ပါတ်စပို့ပြုလုပ်ရာတွင် ကျပ် ၇၀၀၀၀ နှင့်အထက် ကုန်ကျပြီး နယ်ခြား ၅/ များအတွက် နယ်ကျော်ပြုလုပ်ခ ကျပ် ၁၀၀,၀၀၀ နှင့်အထက် ကုန်ကျကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနမှ နယ်ကျော်ပြုလုပ်ခွင့် ရုတ်တရက်ပိတ်လိုက်ရသည့် အကြောင်းအရင်းအား မသိရသော်လည်း ယခုလို ပိတ်လိုက်ခြင်းကြောင့် ချင်းပြည်နယ်ပြင်ပတွင်ရှိနေကြသော ချင်းလူမျိုးများအား မျက်ကွယ်ပြုလိုက်ခြင်းဖြစ်သည်ဟု မကျေမနပ်ဖြစ်နေကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လောက်တူနယ်မှာ ဒေသခံများအပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အင်တာနက်အသုံးပြုမှု ကန့်သတ်

ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် HPO/CDF-Hualngoram ကြေညာ

ဒုက္ခသည်အခွင့်အရေးအတွက် နယူးဒေလီတွင် မြန်မာဒုက္ခသည်များ ဆန္ဒပြမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.