(004SS)
ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက်က Senthang Revolution Force (SRF) ထံ အလင်းဝင်ရောက်လာကြောင်း သိရသည်။
MA 1 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည်ဆံအချို့နှင့်အတူ အလင်းဝင်ရောက်လာသူကို ဆုငွေ ကျပ်သိန်း ၄၀ ချီးမြှင့်ခဲ့ကြောင်း Senthang Revolution Force (SRF)က ထုတ်ပြန်သည်။
အလားတူ အခြားသော စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက Senthang Revolution Force (SRF) မှ အမြဲကြိုဆိုကြောင်းနှင့် အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ ရဲတပ်သားနှစ်ဦးသည် လက်နက်ခဲယမ်း များနှင့် အတူ CDF – CDM Siyin ထံ အလင်းဝင်ရောက်လာခဲ့သည်။