Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးသို့ဝင်လာသည့် ကုန်ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေးတင်းကြပ်

ဟားခါးသို့ဝင်လာသည့် ကုန်ပစ္စည်းများအား စစ်ကောင်စီတပ်ဖွဲ့မှ စစ်ဆေးရေးတင်းကြပ်

0
By Editor on August 12, 2021 Headline

ချင်းပြည်နယ်၊ ဟားခါးမြို့သို့ ရန်ကုန်-မန္တလေး ကားလိုင်းမှ ဝင်ရောက်လာသော ကုန်ပစ္စည်းများကို စစ်ကောင်စီတပ်ဖွဲ့က ဟားခါးမြို့အဝင်ဂိတ်တွင် ရှာဖွေစစ်ဆေးခြင်းများ တင်းကြပ်စွာပြုလုပ်နေသည်မှာ ရက်သတ္တပတ် ၃ ပတ်ခန့်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဟားခါးအဝင် ဂိတ်မှာ ရန်ကုန်-မန္ထလေးကနေလာတဲ့ကားတွေကို စစ်ဆေးရေးကြမ်းတယ်၊ မန္တလေးကနေ ဒီမနက်ထွက်ရင် ဟားခါးကို ညနေလောက်ရောက်ရမယ့်ကိစ္စကို ဒါပေမယ့် နောက်နေ့ မနက်မှရောက်တာတို့ရှိတယ်၊ အဲ့ဂိတ်မှာ ညအိပ်သွားပြီးစစ်တာ၊ ပစ္စည်းတွေတော်တော်များများကို ချခိုင်းပြီတော့ အသေးစိတ်စစ်တာ၊ ၂-၃ ပတ်လောက်တော့ရှိတော့မယ်၊ အရင်တုန်းက မကြပ်ဘူး၊ အခုကတော့ တော်တော်လေးကို အသေးစိတ်စစ်တာ၊ ပစ္စည်းတွေ တချို့ဟာကို ဂိတ်မှာဖောက်ပြီးတော့ကို စစ်တာ၊ ကားကလည်း နှစ်မျိုးနဲ့ စစ်တာထင်တယ်၊ အိမ်စီးကားတွေကို ခနပဲစစ်ပြီး မြို့ထဲကိုဝင်ခိုင်းတာပေါ့။ အဓိက ကုန်ပစ္စည်းတွေကို တင်တဲ့ကားတွေကိုစစ်တာ” ဟု ဟားခါးမြို့ခံတစ်ဦးက ပြောသည်။

ဟားခါးမြို့တွင် ယခင်က ကုန်တင်ကားလိုင်းများကို ပုံမှန်ပြေးဆွဲနေပေမယ့် စစ်ကောင်စီတပ်များ၏ တင်းကြပ်စွာ စစ်ဆေးလာမှုကြောင့် လက်ရှိတွင် ရက်သတ္တ ၁ ပတ်တွင် ၂-၃ ကြိမ်သာ ပြေးဆွဲနေရသည့်အပြင် မြို့တွင်းရှိ ဆန်ဆိုင်များတွင်လည်း ဆန်အတင်အချ အရေအတွက်ကို အတိအကျ စာရင်းကောက်ယူမှုများလည်းရှိကြောင်း သိရသည်။

သြဂုတ်လ ၁၁ ရက် ယမန်နေ့ ည ၉ နာရီဝန်းကျင်အချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် တစ်အိမ်တက်ဆင်းဖြင့် အိမ်ထောင်စုစာရင်း မှန်/မမှန် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုတွေလည်းရှိကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.