Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဟားခါးအနီး Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် ပြန်လက်လွတ်ရ

ဟားခါးအနီး Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် ပြန်လက်လွတ်ရ

0
By Editor on December 10, 2024 Headline

စစ်ကောင်စီက အင်အား ၂၀၀ ခန့်ဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူနှင့် တစ်ပတ်ကြာ ထိုးစစ်ဆင်ပြီး သိမ်းယူ

(006SV)

ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် ဟားခါးမြို့အနီးက Kiamtlang စခန်းကုန်းကို စစ်ကောင်စီက အင်အားရာချီဖြင့် အပြင်းအထန်ထိုးစစ်ဆင်နေမှုများကြောင့် တပတ်ကြာခုခံအပြီးမှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

ဟားခါး- ထန်တလန်လမ်းပေါ်ရှိ Kiamtlang စခန်းကုန်းသည် စစ်ရေးအရ အချက်အချာကျသော နေရာဖြစ်သောကြောင့် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးတပ်များအကြား ထိန်းချုပ်နိုင်ရေးအတွက် အပြန်အလှန် ထိုးစစ်ဆင် သိမ်းနေရသော စခန်းတစ်ခုဖြစ်ကြောင်း ချင်းအင်အားစုများက ပြောသည်။

Kiamtlang စခန်းကုန်းကို ထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်အစိုးရပူးပေါင်းတပ်က အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း ၃ ကြိမ်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂ ကြိမ်မှာ စခန်းသိမ်းပိုက်ရရှိခဲ့သည်၊ လက်ရှိတွင် ပြန်လည် လက်လွတ်လိုက်ရခြင်း ဖြစ်ကြောင်း CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သူတို့က Kiamtlang ကို မရ, ရအောင်ထိုးတာပါ။ တပတ်အတွင်းမှာ နားတဲ့ ရက်၊ ည နည်းပါတယ်။ သူတို့က နေ့တိုင်း၊ ညတိုင်း ကျနော်တို့ကို ဖောက်နိုင်ဖို့ ကြိုးစားခဲ့တယ်။ အဲဒါကလည်း ဟားခါးနဲ့ နီးနီးကပ်ကပ်ဆို‌တော့ ကျနော်တို့က လမ်းတွေ အကုန်ပိတ်ရ တယ်။ ကာခဲ့ရတယ်။ ဒါပေမယ့် စစ်ခွေးက မြို့တွင်းကနေ စစ်အင်အားတွေ ဖြည့်တယ်။ မြို့တွင်းကနေပါ ထိုးတယ်ဆိုတော့ တော် တော်လေ ခုခံရခက်ပါတယ်။ ကျနော်တို့လည်း တပတ်လောက် ခုခံခဲ့တယ်။ သို့သော်လည်းပဲ တနေ့ကတော့ မခုခံနိုင်တော့ဘူးပေါ့။ ဒါကြောင့် ဆုတ်ပေးရတယ်။ ဒီဇင်ဘာလ ၈ ရက်မှာ Kiamtlang ကုန်းကို စကစက ပြန်ဝင်သွားပြီ” ဟု CDF – ဟားခါးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Kiamtlang စခန်းကုန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ် သိမ်းလိုက်ချိန်တွင် ဟားခါးတက္ကသိုလ်မှ Non – CDM ဆရာ၊ ဆရာမ များသည် ၎င်းတို့၏ လုံခြုံရေးအတွက် အာမခံချက် မရှိတော့ကြောင့် ချင်းပြည်နယ် ဝန်းကြီးချုပ်ထံ ဆန္ဒပြ တောင်းဆို ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ၏ ချင်းပြည်နယ်ဝန်ကြီးချုပ်သည် ချင်းစစ်ရေးတာဝန်ခံ ဒုတိုင်းမှူးကို Kiamtlang စခန်းကို ပြန်လည်သိမ်းရန် ပြောကြားပြီးနောက် စစ်အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် လေကြောင်း၊ လက်နက်ကြီး ပစ်ကူအသုံးပြု၍ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟု CDF – ဟားခါး တာဝန်ရှိသူက ပြောသည်။

Khuhsilobo (ခိုစီလိုဘို) လွတ်လပ်ရေးကျောက်တိုင်၏ အနီးတွင် ရှိနေသော Kiamtlang စခန်းကုန်းမြင့်ကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်က ထိန်းချုပ်နိုင်လျှင် Keivanzuang နှင့် သီမစ်က စစ်စခန်းများကို ဖြတ်တောက် ထိန်းချုပ်ရာတွင် အချက်အချာကျသည်ဟု သိရသည်။

အောက်တိုဘာလ ၂၈ ရက်က Kiamtlang စခန်းကို ချင်းပြည်အစိုးရပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့သည်၊ စစ်ကောင်စီမှ ၁၀ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦး နှင့် သေနတ် ၉ လက် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ချင်းပြည်အစိုးရပူးပေါင်းတပ်က သိမ်းထားသည့် Kiamtlang စခန်းကို အောက်တိုဘာလ ၂၉ ရက်တွင် စစ်ကောင်စီတပ်မှ အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ ပြန်လည်း သိမ်းယူခဲ့သည်၊ စစ်ကောင်စီ ခလရ – ၂၂၆ တပ်ရင်းမှ ၇ ဦး သေဆုံးခဲ့သည်၊ ယင်းစခန်း၏ ၂ ရက်တာ တိုက်ပွဲမှာပင် စစ်ကောင်စီက ၂၃ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

ချင်းပြည်အစိုးရပူးပေါင်းတပ်သည် နိုဝင်ဘာလ ၂၃ ရက်တွင် Kiamtlang စခန်းကို ထပ်မံထိုးစစ်ဆင်ရာ သိမ်းယူနိုင်ခြင်းမရှိသော်လည်း စစ်ကောင်စီမှ ၄ ဦး သေဆုံးခဲ့သည်။

Kiamtlang စခန်းကို နိုဝင်ဘာလ ၃၀ ရက်တွင် ချင်းပြည်အစိုးရပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ရာ ထပ်မံသိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံး၊ စစ်သုံ့ပန်း ၁၉ ဦး ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ချင်းပြည်အစိုးရပူးပေါင်းတပ် သိမ်းလိုက်သည့် Kiamtlang စခန်းကို စစ်ကောင်စီသည် လက်နက်ကြီးပစ်ကူ၊ လေကြောင်း ပစ်ကူများ အပါအဝင် အင်အား အလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့သည်၊ တပတ်ခန့်အကြာ ဒီဇင်ဘာလ ၈ ရက်တွင် ပြန်လည်းထိန်းချုပ်သွားသည်ဟု သိရသည်။

Kiamtlang စခန်းတိုက်ပွဲ နှစ်လဝန်းကျင်မှာပင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးပြီး၊ CDM အပါအဝင် ၂၉ ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ငါးကြင်းမြီး ၁ လက်အပါအဝင် လက်နက်ခဲယမ်း ၅၀ နီးပါး ရရှိခဲ့သည်ဟု CDF ဟားခါးမှ သိရသည်။

ယခုလက်ရှိတွင် ဟားခါး- ထန်တလန်ကြားက စစ်ကောင်စီစခန်းများကို ချင်းပြည်အစိုးရပူးပေါင်တပ်က သိမ်းပိုက်ထားပြီး နယ်မြေစိုးထားကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.