Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“အဓိကက သူတို့မီးရှို့ထားတဲ့ ထန်တလန်မြို့ပေါ်က အထိုင်စခန်း တပ်စခန်းကို အင်အားဖြည့်ချင်တာ ဖြစ်တယ်။ အဲဒီလို အင်အားဖြည့်မှသာ အဲဒီဘက်ကို နယ်မြေစိုးမိုးဖို့ တဖြည်းဖြည်းချင်း အဲဒီလိုမျိုးနဲ့ ချဲ့ထွင်လာမယ်လို့ မြင်တယ်” ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ
ပုံစာ - ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီ

“အဓိကက သူတို့မီးရှို့ထားတဲ့ ထန်တလန်မြို့ပေါ်က အထိုင်စခန်း တပ်စခန်းကို အင်အားဖြည့်ချင်တာ ဖြစ်တယ်။ အဲဒီလို အင်အားဖြည့်မှသာ အဲဒီဘက်ကို နယ်မြေစိုးမိုးဖို့ တဖြည်းဖြည်းချင်း အဲဒီလိုမျိုးနဲ့ ချဲ့ထွင်လာမယ်လို့ မြင်တယ်” ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

0
By Editor on July 13, 2023 Featured

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့နယ်အကြား သီမြစ်လွင်ပြင် အနီးတဝိုက်တွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇူလိုင်လဆန်းပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဟာ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် ဟားခါးမြို့ကနေ မေလကုန်ပိုင်းကတည်းက စစ်ကြောင်းထိုး ချီတက်လာခဲ့ပြီး ဟားခါး-ထန်တလန်ကြား သီမြစ်လွင်ပြင်၊ လုံခါးတောင် အနီးတဝိုက်မှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ 

အဲဒီတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ  တပ်ပြန်ဆုတ်သွားတယ်လို့လည်း သိရပါတယ်။ လက်ရှိ ချင်းပြည်နယ်အတွင်းက ဟားခါး-ထန်တလန် အပါအဝင် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။      ။ ဟားခါး- ထန်တလန်ကြား လက်ရှိတိုက်ပွဲအခြေအနေကို အရင်ဆုံးသိချင်ပါတယ်။

ဖြေ။      ။ လက်ရှိတိုက်ပွဲကတော့ မေလနောက်ဆုံးပတ်ကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒီခဏ၊ တစ်ပတ်လောက် နားပြီးတော့ ဇူလိုင် ၃ ရက်ကနေ ခုထိတိုက်ပွဲက ပြန်စနေပါတယ်။ ဒီကြားထဲမှာ တိုက်ပွဲက လိုရင်လိုအပ်သလို ဟားခါးမြို့ထဲမှာတော့ ရှိနေတာပေါ့။ အဓိကက အခုတိုက်ပွဲမှာ ဇူလိုင် ၃ ရက်ကနေ ၈ ရက်ကြား တိုက်ပွဲအခြေအနေက ကျနော်တို့ဘက်က ၆ ဦး ဒဏ်ရာ ရရှိတယ်။ သူတို့ဘက်က ၂၀ ကျော်လောက် အထိအခိုက်ရှိတယ်။ 

အဲလိုအထိအခိုက်ရှိတယ် ပြောတဲ့ နေရာမှာ ၆ လောင်းကတော့ ကျနော်တို့ ကိုယ်တိုင်တွေ့တယ်။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံရောက်တာက ၄၂ ယောက် ရှိတယ်လို့ သိရတယ်။ လက်ရှိမှာက သူတို့က နောက်ဆုံး ရောက်ရှိလာတဲ့ စစ်ဆင်ရေးရှိတဲ့ နေရာကနေ ပြန်ဆုတ်သွားတယ်။ ဒါပေမယ့် ဟားခါးထိ ပြန်သလားတော့ မသိဘူး။ သူတို့ဘက်က လက်နက်ကြီးသုံးတယ်။ ဂျက်ဖိုက်တာနဲ့ ၂ ခါ၊ ၃ ခါလောက် ဗုံးလာကြဲတယ်။

မေး။      ။ အဲဒီတိုက်ပွဲအတွင်းမှာ လက်နက်တွေ သိမ်းဆည်းရမိတယ်လို့သိရပါတယ်။ အဲဒီ အခြေအနေလည်း ရှင်းပြပါဦး။

ဖြေ။      ။ အခုတိုက်ပွဲမှာ ကျနော်တို့ဘက်က လက်နက် ၄ လက်ရယ်၊ ကျည်ဆန် တစ်ထောင်ကျော်ကို သူတို့ အလောင်းဘေးကနေ ကောက်ရထားတာ၊ သိမ်းဆည်းရမိတာ ရှိပါတယ်။

မေး။      ။ စစ်ကောင်စီက အင်အားဘယ်လောက်နဲ့ ဘယ်လို စစ်ကြောင်းချီတက်လာပါလဲ။

ဖြေ။      ။ အစကတော့ စစ်ကြောင်း ၂ ကြောင်း ပုံစံနဲ့ ချီတက်လာတယ်။ စစ်ကြောင်း တစ်ကြောင်းမှာ အင်အား ၁၅၀ ခန့် ရှိတယ်လို့ သိရတယ်။ အဲဒီစစ်ကြောင်းတွေက အခုက စစ်ကြောင်း တစ်ကြောင်းထဲ ပူးပေါင်းပြီးတော့ ဟားခါး-ထန်တလန်၊ သီမြစ်လမ်းကြောင်းပေါ်မှာ စစ်ကြောင်းထိုးနေတာပါ။ ခုလည်း အင်အား ၁၅၀ လောက်တော့ ရှိမယ်။ ရှိမယ်ဆိုတာက သူတို့က အင်အား မရှိတော့ရင် ဟားခါးဘက် ကနေ စစ်ကူတွေ ထပ်၊ ထပ်ဖြည့်တယ်။ ဟားခါး-ထန်တလန်၊ သီမြစ်တိုက်ပွဲ အတွက်ကို တပ်ရင်း ၅ ရင်းနဲ့ ထိုးတယ်လို့ သိရတယ်။ ဒါပေမယ့် အင်အားကတော့ မများပါဘူး။

မေး။      ။ တိုက်ပွဲတွေက ဘယ်နေရာတွေမှာ ဖြစ်ပွားခဲ့ပါလဲ။

ဖြေ။      ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေက မေလနောက်ဆုံးပတ်၊ ဇွန်လထဲနဲ့ ဇူလိုင် ပထမပတ်ထဲမှာ  အဲဒီတလျှောက်နဲ့ လုံခါး၊ သီမြစ်ချောင်းရဲ့ အောက်ဘက် အဲဒီ နှစ်နေရာ ဖြစ်တယ်။ ပထမတိုက်ပွဲက လုံခါးဘက် စစ်ဆင်ရေး ထိုးလာတယ်။ အခုကတော့ အဲစစ်ကြောင်းက ပူးပေါင်းသွားတယ်။

မေး။      ။ စစ်ကောင်စီက ဘယ်လိုကြောင့် တပ်နောက်ပြန်ဆုတ်သွားပါလဲ။

ဖြေ။      ။ အထိမနာဘူးဆိုရင်တော့ သူတို့က ဆုတ်မှာတော့ မဟုတ်ဘူး။ ဆက်ပြီးတော့ တက်မယ့်ပုံပဲ။ သူတို့ အထိနာခဲ့လို့ ဆုတ်သွားတာ ဖြစ်တယ်။ နောက်တစ်ခုက အရင်လို စစ်ကြောင်းထိုးတာမျိုးထက် နောက်ဆုံးရောက်တဲ့ နေရာမှာ အခံစခန်းပုံစံနဲ့ ပြင်ဆင်လုပ်လာတဲ့ သဘောမှာ ရှိတယ်။

မေး။      ။ စစ်ကောင်စီက ထန်တလန်ဘက်ကို ဘယ်လိုကြောင့် ထပ်တလဲလဲလည်း စစ်ကြောင်း ထိုးနေတာပါလဲ။

ဖြေ။      ။ အဲဒီစစ်ကြောင်းက နှစ်တိုင်း ဖြစ်ပါတယ်။ မနှစ်က ဒီအချိန်မှာ အဲဒီစစ်ဆင်ရေးကို လုပ်တာလည်း အဲဒီနေရာမှာ တစ်လကျော်ကြာတိုက်ပွဲ ဖြစ်တယ်။ အခုဒီနှစ်လည်း အဲဒီလို ထိုးလာတယ်။ အဓိကက သူတို့မီးရှို့ထားတဲ့ ထန်တလန်မြို့ပေါ်က အထိုင်စခန်း တပ်စခန်းကို အင်အား ဖြည့်ချင်တာ ဖြစ်တယ်။ အဲဒီလို အင်အားဖြည့်မှသာ အဲဒီဘက်ကို နယ်မြေစိုးမိုးဖို့ တဖြည်းဖြည်းချင်း အဲဒီလိုမျိုးနဲ့ ချဲ့ထွင်လာမယ်လို့ မြင်တယ်။ သူတို့ရဲ့ ထန်တလန် စစ်ကောင်စီ လက်ကျန်တွေကို အင်အားထပ်ဖြည့်ချင်လို့ ဒီလို စစ်ဆင်ရေး လုပ်လာတာလို့ ကျနော်တို့က အဲဒီလို ပြောချင်တယ်။

မေး။      ။ ချင်းပြည်နယ် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီးဖြစ်ဖြစ် တခြားဘာများ ပြောကြားချင်တာ ရှိပါလဲ။

ဖြေ။      ။ အခုက (ဟားခါး-ထန်တလန်) အဲဒီနေရာမှာအပြင် ဒီမနက်စောစောပိုင်းကလည်း ကလေးကနေ စစ်ကြောင်း တက်လာတယ်။ ကလေးကနေ တီးတိန်မြို့နယ်အဝင် သိုင်းငင်ဘက်မှာလည်း အခုက တိုက်ပွဲက အကြီးအကျယ် ဖြစ်နေတယ်။ အဲဒီမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သူတို့က တိုက်ပွဲတွေ ဖြစ်နေတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ 

အဓိကက မိုးရာသီ စစ်ဆင်ရေးဆိုပြီးတော့ သူတို့ လုပ်လေ့ရှိတဲ့ဟာကို ပြန်ပြီး အကောင်အထည် ဖော်လာတယ်။ နောက်မိုးတွင်းမှာက အဓိက က ချင်းရယ်၊ ကရင်နီရယ်၊ စစ်ကိုင်းရယ်၊ ကချင်ရယ် အဲဒီဒေသက မိုးတွင်းစစ်ဆင်ရေးမှာ ပိုပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ပိုလုပ်လာမယ်လို့ သိရတယ်။ အဲဒီအတွက်ကို သူတို့ရဲ့ စစ်ရေးဗျူဟာကို အကောင်အထည် ဖော်လာတာပဲ ဖြစ်မယ်လို့ ကျနော်တို့ တွက်တယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.