Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ္းၿမိဳေပၚရွိ ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား ရိကၡာႏွင့္ ယာယီအေဆာင္မ်ားလိုအပ္ေန

အမ္းၿမိဳေပၚရွိ ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား ရိကၡာႏွင့္ ယာယီအေဆာင္မ်ားလိုအပ္ေန

0
By Editor on July 20, 2020 Headline

#Unicode

အမ်းမြိုပေါ်ရှိ ချင်းစစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ယာယီအဆောင်များလိုအပ်နေ

ရခိုင်ပြည်နယ် ၊ အမ်းမြို့ပေါ်တွင်ရောက်ရှိနေသည့် ချင်းစစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဆန်နှ င့် နေထိုင်စရာ ယာယီအဆောင်များအရေးတကြီးလိုအပ်နေသည်ဟု ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) ဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

“လောလောဆယ်တော့ စခန်း (၂) ခုထဲမှာ လူဦး ၁၅၃၄ ဦး ရှိတယ် ချင်းရော ရခိုင်ရော ရှိတယ် ။ အများစုက ချင်းလူမျိုး များတယ်။ စခန်းအပြင်ဖက်မှာ ကိုယ့်အစီအစဉ်နဲ့ကို ကိုယ်ထူကိုယ်ထနေကြတဲ့ သူတွေရှိတယ် သူတို့က ၃၀၀၀ လောက်ရှိ တယ်၊ စာရင်းကောက်တာ ၁၉၆၀ ဦးစာရင်းရတယ်၊ ကျန်တာတော့ ကောက်နေဆဲပဲ၊ အဓိကသူတို့လိုတာက စားစရာဆန် ၊ နေစရာ ၊ လုံခြုံရေး သွားရေးလာရေးခက်တယ် ၊ ကျန်းမာရေး နဲ့ပညာရေးတွေ အခက်အခဲရှိတာပေါ့ ” ဟု (RRCCI) ဥက္ကဌ ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ယခုလက်ရှိ အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်စခန်းအမှတ် (၁)နှင့် အမှတ် (၂) ဟူ၍ စခန်းနှစ်ခုရှိပြီး အစိုးရဖက်မှ စခန်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကိုတာဝန်ယူကာ စခန်းတွင်နေရာထိုင်ခင်းမလုံလော က်မှုကြောင့် စခန်းအပြင်ဖက်တွင် ကိုယ့်အစီစဉ်နှင့်ကိုယ်နေထိုင်ကြသော စစ်ဘေးရှောင်ပြည်သူများကိုမူ တာဝန်မယူပေးသည့်အတွက် အခက်ကြုံတွေ့နေကြရသည်ဟု ၎င်းကဆက်ပြောသည်။

“အစိုးရဖက်ကတော့ စခန်း(၂)ခုထဲမှာရှိတဲ့ပြည်သူတွေကိုတော့ တာဝန်ယူပေးတာပေါ့ ၊ စခန်းအပြင်ဖက်မှာရှိတဲ့သူတွေကိုတော့ အစိုးရကဖက်တော့ တာဝန်မယူဘူး၊ စခန်းအပြင်ဖက်မှာရှိသူတွေကို လူမူရေး ၊ ဘာသာရေးအဖွဲ့အစည်းတွေက ဝိုင်းကူညီတာပေါ့၊ နောက်ထပ် စခန်းတခုလိုတယ်လို့ ပြောတယ် ၊ ကျွန်တော်တို့ကလည်း အဲ့ဒီ ကိစ္စကို စခန်းတခုထပ်ရအောင် ပြောပေးနေတယ် ” ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

အမ်းမြို့ပေါ်သို့ ရောက်ရှိလာကြသည့် စစ်ဘေးရှောင်ပြည်သူများသည် ရခိုင်ပြည်နယ် အမ်းမြို့နယ် ဒါးလက်အုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၄၀) ကျော်မှ ဒေသခံများဖြစ်ကြပြီး ရက္ခိုင့်တပ်တော် (အေအေ) နဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြန်မာ့တပ်မတော်မှ ရေလမ်း ကုန်လမ်း ပိတ်စို့ကာ ရိက္ခာများပြတ်လပ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

စခန်းအပြင်ဖက်တွင်ကိုယ့်အစီစဉ်ဖြင့် နေထိုင်ကြသည့် စစ်ဘေးရှောင်ပြည်သူများကို ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) အဖွဲ့၊ အမ်းမြို့အခြေစိုက် ချင်းအရပ်ဘက်လူမှုရေးအသင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများဖွဲ့ (CUSR) တို့ဦးဆောင်မှုဖြင့် ဆန်အိမ် (၁၀၀) ကို ဇူလိုင်လ ၁၉ ရက်နေ့က ကူညီထောက်ပံ့ခဲ့ကြသည်ဟုသိရသည်။

ထို့အပြင် စခန်းအတွင်းနှင့် စခန်းအပြင်ဖက်တွင်နေထိုင်ကြသည့် စစ်ဘေးရှောင်ကလေးငယ်များ၏ စာရင်းကိုလည်း လိုက်လံကောက်ခံနေပြီး ကျောင်းဖွင့်ရာသီအတွင်း ကျောင်းတက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရထံ တင်ပြပေးသွားမည်ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

#Zawgyi

ရခိုင္ျပည္နယ္ ၊ အမ္းၿမိဳ႕ေပၚတြင္ေရာက္ရွိေနသည့္ ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ရိကၡာဆန္ႏွ င့္ ေနထိုင္စရာ ယာယီအေဆာင္မ်ားအေရးတႀကီးလိုအပ္ေနသည္ဟု ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ(RRCCI) ဥကၠဌ ဆလိုင္းအိုက္ဇက္ခင္ကေျပာသည္။

“ေလာေလာဆယ္ေတာ့ စခန္း (၂) ခုထဲမွာ လူဦး ၁၅၃၄ ဦး ရွိတယ္ ခ်င္းေရာ ရခိုင္ေရာ ရွိတယ္ ။ အမ်ားစုက ခ်င္းလူမ်ိဳး မ်ားတယ္။ စခန္းအျပင္ဖက္မွာ ကိုယ့္အစီအစဥ္နဲ႔ကို ကိုယ္ထူကိုယ္ထေနၾကတဲ့ သူေတြရွိတယ္ သူတို႔က ၃၀၀၀ ေလာက္ရွိ တယ္၊ စာရင္းေကာက္တာ ၁၉၆၀ ဦးစာရင္းရတယ္၊ က်န္တာေတာ့ ေကာက္ေနဆဲပဲ၊ အဓိကသူတို႔လိုတာက စားစရာဆန္ ၊ ေနစရာ ၊ လုံျခဳံေရး သြားေရးလာေရးခက္တယ္ ၊ က်န္းမာေရး နဲ႔ပညာေရးေတြ အခက္အခဲရွိတာေပါ့ ” ဟု (RRCCI) ဥကၠဌ ဆလိုင္းအိုက္ဇက္ခင္က ေျပာသည္။

ယခုလက္ရွိ အမ္းၿမိဳ႕ေပၚတြင္ စစ္ေဘးေရွာင္စခန္းအမွတ္ (၁)ႏွင့္ အမွတ္ (၂) ဟူ၍ စခန္းႏွစ္ခုရွိၿပီး အစိုးရဖက္မွ စခန္းအတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားကိုတာဝန္ယူကာ စခန္းတြင္ေနရာထိုင္ခင္းမလုံေလာ က္မႈေၾကာင့္ စခန္းအျပင္ဖက္တြင္ ကိုယ့္အစီစဥ္ႏွင့္ကိုယ္ေနထိုင္ၾကေသာ စစ္ေဘးေရွာင္ျပည္သူမ်ားကိုမူ တာဝန္မယူေပးသည့္အတြက္ အခက္ၾကဳံေတြ႕ေနၾကရသည္ဟု ၎ကဆက္ေျပာသည္။

“အစိုးရဖက္ကေတာ့ စခန္း(၂)ခုထဲမွာရွိတဲ့ျပည္သူေတြကိုေတာ့ တာဝန္ယူေပးတာေပါ့ ၊ စခန္းအျပင္ဖက္မွာရွိတဲ့သူေတြကိုေတာ့ အစိုးရကဖက္ေတာ့ တာဝန္မယူဘူး၊ စခန္းအျပင္ဖက္မွာရွိသူေတြကို လူမူေရး ၊ ဘာသာေရးအဖြဲ႕အစည္းေတြက ဝိုင္းကူညီတာေပါ့၊ ေနာက္ထပ္ စခန္းတခုလိုတယ္လို႔ ေျပာတယ္ ၊ ကၽြန္ေတာ္တို႔ကလည္း အဲ့ဒီ ကိစၥကို စခန္းတခုထပ္ရေအာင္ ေျပာေပးေနတယ္ ” ဟု ဆလိုင္းအိုက္ဇက္ခင္ကေျပာသည္။

အမ္းၿမိဳ႕ေပၚသို႔ ေရာက္ရွိလာၾကသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားသည္ ရခိုင္ျပည္နယ္ အမ္းၿမိဳ႕နယ္ ဒါးလက္အုပ္စုအတြင္းရွိ ေက်းရြာေပါင္း (၄၀) ေက်ာ္မွ ေဒသခံမ်ားျဖစ္ၾကၿပီး ရကၡိဳင့္တပ္ေတာ္ (ေအေအ) နဲ႔ တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ျမန္မာ့တပ္မေတာ္မွ ေရလမ္း ကုန္လမ္း ပိတ္စို႔ကာ ရိကၡာမ်ားျပတ္လပ္သည့္အတြက္ ထြက္ေျပးတိမ္းေရွာင္လာၾကျခင္းျဖစ္သည္။

စခန္းအျပင္ဖက္တြင္ကိုယ့္အစီစဥ္ျဖင့္ ေနထိုင္ၾကသည့္ စစ္ေဘးေရွာင္ျပည္သူမ်ားကို ခ်င္းစစ္ေဘးေရွာင္ျပည္သူမ်ား အေရးေပၚကူညီေရးႏွင့္ ျပန္လည္ထူေထာင္ေရးေကာ္မတီ(RRCCI) အဖြဲ႕၊ အမ္းၿမိဳ႕အေျခစိုက္ ခ်င္းအရပ္ဘက္လူမႈေရးအသင္း၊ ရခိုင္ျပည္နယ္အတြင္းရွိ ခ်င္းတကၠသိုလ္ ေက်ာင္းသား/သူမ်ားဖြဲ႕ (CUSR) တို႔ဦးေဆာင္မႈျဖင့္ ဆန္အိမ္ (၁၀၀) ကို ဇူလိုင္လ ၁၉ ရက္ေန႔က ကူညီေထာက္ပံ့ခဲ့ၾကသည္ဟုသိရသည္။

ထို႔အျပင္ စခန္းအတြင္းႏွင့္ စခန္းအျပင္ဖက္တြင္ေနထိုင္ၾကသည့္ စစ္ေဘးေရွာင္ကေလးငယ္မ်ား၏ စာရင္းကိုလည္း လိုက္လံေကာက္ခံေနၿပီး ေက်ာင္းဖြင့္ရာသီအတြင္း ေက်ာင္းတက္နိုင္ေရးအတြက္ နိုင္ငံေတာ္အစိုးရထံ တင္ျပေပးသြားမည္ဟု ဆလိုင္းအိုက္ဇက္ခင္ကေျပာသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.