Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ်းမြို့တိုက်ပွဲဘက် စစ်ကူပို့သည် စစ်ယာဉ်တန်းမှ တပ်ဖွဲ့ဝင်တချို့နှင် PRA – မကွေးတို့ တိုက်ပွဲဖြစ်

အမ်းမြို့တိုက်ပွဲဘက် စစ်ကူပို့သည် စစ်ယာဉ်တန်းမှ တပ်ဖွဲ့ဝင်တချို့နှင် PRA – မကွေးတို့ တိုက်ပွဲဖြစ်

0
By Editor on November 21, 2024 Headline

စစ်ကောင်စီမှ ၉ ဦးသေဆုံး၊ ၁၀ ဦး ဒဏ်ရာရဟု PRA မကွေးထုတ်ပြန်

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်းရှိ ပဒါန်း – အမ်း လမ်းပိုင်း ဂုတ်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းကို PRA – မကွေး တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခန့်က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာ၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ၁၅ မိနစ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA- Magway) က ယနေ့ နိုဝင်ဘာလ ၂၁ ရက်မှာ ထုတ်ပြန်သည်။

ပဒါန်း – အမ်း လမ်းပိုင်းတွင် ရခိုင်ပြည်နယ်၊ အမ်းဘက်သို့ စစ်ကူပို့သည် စစ်ကောင်စီယာဉ်တန်း ကားပျက်၍ကျန်နေသော တပ်ဖွဲ့ဝင်တချို့နှင့် ယာဉ်တန်းလုံခြုံရေးယူနေသည့် တပ်ဖွဲ့ဝင်များ ပူးပေါင်ပြီး ဂုတ်ကြီးကျေးရွာဘက် လာချိန်တွင် တိုက်ပွဲ ဖြစ်ပွားသည်ဟု PRA – မကွေး စစ်ဦးစီးချုပ်က ပြောသည်။

“အဲဒီ အင်အား ၄၀ ပါတဲ့ စစ်ကြောင်းက ကျနော်တို့ သတ်ကွင်းထဲကို စတင်ဝင်လာတဲ့အချိန်မှာ စတင်တိုက်ခိုက်တယ်။ ကျန်တဲ့ လူတွေက ကားလမ်းအောက်ဘက်ကို ဆင်းပြေးပြီး ပြန်ပစ်တဲ့ လူတွေ ရှိသလို ထွက်ပြေးတဲ့ လူတွေလည်းများတယ်” ဟု PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန်က ပြောသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲကို စစ်ကူနှင့်ထောက်ပို့ပေးရာတွင် အရေးပါလှသည့် အမ်း- ပဒါန်းလမ်းပိုင်းကို နှစ်ဖက်တပ် တွေကြား ထိန်းချုပ်နိုင်ရေးအတွက် တိုက်ပွဲအတွင်း စစ်ကောာင်စီမှ တပ်ကြပ်ကြီး အဆင့် အပါအဝင် ၉ ဦး တို့ သေဆုံးခဲ့သည်ကို မြင်တွေ့ခဲ့ရပြီး ၁၀ ဦးခန့် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အမှတ် – ၉၀၅ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်များနှင့် ပေါ်တာဆွဲခံရသော သင်တန်းဆင်း တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာလ ၅ ရက်ကလည်း ဂုတ်ကြီးကျေးရွာထိပ်၊ ဘုံဘောလမ်းဆုံနှင့် မိုင်တိုင် ၁၁ တို့ရှိ အမ်း – ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားသည့် စစ်ကောင်စီ ကင်းစခန်း ၂ ခုကို ACDF အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တပြိုက်နက် စီးနင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

PRA – မကွေး၏ စစ်ရေး ရည်မှန်းချက်သည် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ဒေသထိန်းချုပ် စိုးမိုးနိုင်ရေးဖြစ်ပြီး အမ်း-ပဒါန်းလမ်းပိုင်း ထိန်းချုပ်နိုင်ရေးမှာ စစ်ရေးရည်မှန်းချက်၏ ရှေ့ပြေးလှုပ်ရှားမှုဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဒေသအသီးသီးရှိ စစ်နယ်ဝန်းတိုးချဲ့လာမှုနှင့်အတူ တညီတညွတ်တည်း စုပေါင်းအကောင်အထည် ဖော်သွားမည်ဟု PRA – မကွေးက ထံမှ သိရသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် – နပခကို သိမ်းယူနိုင်ရန် စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နပခအပါအဝင် စခန်း အနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.