Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမ်း-ပဒါန်းလမ်းမှာ စစ်ကောင်စီဆုတ်ခွာစစ်ကြောင်းကို ACDF နှင့် တော်လှန်ရေးပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်

အမ်း-ပဒါန်းလမ်းမှာ စစ်ကောင်စီဆုတ်ခွာစစ်ကြောင်းကို ACDF နှင့် တော်လှန်ရေးပူးပေါင်းတပ် ပိတ်ဆို့တိုက်ခိုက်

0
By Editor on November 28, 2024 Headline

စစ်ကောင်စီမှ ၂ ဦးသေဆုံး၊ ၁၄ ဦးကို သုံ့ပန်းအဖြစ် ဖမ်းမိဟုဆို

(006SV)

ရခိုင်ပြည်နယ်၊ အနောက်ပိုင်းစစ်ဌာနချုပ်(အမ်း) ကွပ်ကဲမှု လက်အောက်ရှိ စစ်ကောင်စီ၏ ဆုတ်ခွာစစ်ကြောင်းကို အမ်း-ပဒါန်း လမ်း တနေရာတွင် ACDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး ၁၄ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်က အမ်းမြို့အခြေစိုက် အနောက်ပိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု လက်အောက်ရှိ တမိုင်ကုန်းစခန်းမှ ဆုတ်ခွာသော စစ်ကြောင်းကို အမ်း- ပဒါန်းလမ်းတနေရာတွင် စောင့်ကြို၍ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော် – SAF က ယနေ့ နိုဝင်ဘာလ ၂၈ ရက်မှာ ထုတ်ပြန်သည်။

ဗိုလ်မှူး ဇော်ထက်အောင် ဦးစီးသော စစ်ကောင်စီစစ်ကြောင်းသည် ပိတ်ဆို့တိုက်ခိုက်ခံရမှုကြောင့် တိုက်ပွဲအတွင်း ဖွဲ့စည်းပုံ ပျက်ကာ တကွဲတပြားစီ ထွက်ပြေးလျက်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်က ဆက်လက်၍ နယ်မြေရှင်းလင်းလျက်ရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရမိထားကာ ၎င်းတို့ကို လိုအပ်သော ဆေးဝါးကုသမှုနှင့် စစ်သုံ့ပန်းမူဝါဒနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်ဟု သိရသည်။

လက်နက်ငယ် ၂ လက်နှင့် ခဲယမ်းတချို့ကို တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီ စစ်ကြောင်းကို ကျောင်းသားလက်ရုံးတပ်တော် (SAF) နှင့်အတူ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ (ACDF)၊ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.