Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအနီး ဟိုင်မွာလ်ရွာသစ်ကို စစ်ကောင်စီတပ်က မီးရှို့

အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအနီး ဟိုင်မွာလ်ရွာသစ်ကို စစ်ကောင်စီတပ်က မီးရှို့

0
By Editor on August 15, 2022 Headline

အိန္ဒိယ-မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးစခန်း ရိခေါဒါရ်မြို့အနီး ဟိုင်မွာလ်ရွာသစ်တွင် ယနေ့ညနေပိုင်း ၃ နာရီခွဲခန့်က သေနတ်ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် လူနေအိမ်များ မီးလောင်မှုဖြစ်ပွားကာ ယခုချိန်ထိ လောင်ကျွမ်းနေဆဲဖြစ်သည်။

မီးလောင်ကျွမ်းမှုကို တဖက်မီဇိုရမ်ပြည်နယ်ဘက်မှ လှမ်းမြင်နေရပြီး စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်တောင်ကုန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က သြဂုတ်လ ၁၀ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ကာ စစ်ကောင်စီဘက်က တပ်ရင်းမှူး ဗိုလ်ကြီးတစ်ဦးအပါအဝင် ၅ ဦးသေဆုံးကာ ၄ ဦးမွာ ချင်းကာကွယ်ရေးဘက်သို့ လက်နက်မပါပဲ ထွက်ပြေးအလင်းဝင်ခဲ့ကြသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာသောကြောင့် ယနေ့ညနေပိုင်းတွင် ဟိုင်မွလ်ရွာသစ်သို့ဝင်ရောက်ကာ လူနေအိမ်များကို မီးရှို့ခြင်းဖြစ်နိုင်သည်ဟု နယ်စပ်ဒေသခံတစ်ဦးက ပြောသည်။

ဟိုင်မွာလ်ရွာသစ်သည် အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်း (ကလေး-တီးတိန်-ရိ) ပေါ်တွင်တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ရိခေါဒါရ်မြို့နှင့် တစ်မိုင်ခန့်ကွာဝေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.