Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အာဏာသိမ်းကာလ ၃ နှစ်အတွင်း ချင်းအမျိုးသမီး ၆၀ ဦးကျဆုံးပြီး ၃၀ ထက်မနည်းမှာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရ၊ တော်လှန်ရေးမှာ ကဏ္ဍစုံမှ ပါဝင်နေသည့် ချင်းအမျိုးသမီးများ လိင်အကြမ်းဖက်မှုပေါင်းစုံကို ပိုမိုရင်ဆိုင်လာရဟုဆို

အာဏာသိမ်းကာလ ၃ နှစ်အတွင်း ချင်းအမျိုးသမီး ၆၀ ဦးကျဆုံးပြီး ၃၀ ထက်မနည်းမှာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံထားရ၊ တော်လှန်ရေးမှာ ကဏ္ဍစုံမှ ပါဝင်နေသည့် ချင်းအမျိုးသမီးများ လိင်အကြမ်းဖက်မှုပေါင်းစုံကို ပိုမိုရင်ဆိုင်လာရဟုဆို

0
By Editor on March 8, 2024 Headline

(006SV)

အာဏာသိမ်း ၃ နှစ်တာအတွင်း စစ်ကောင်စီက ချင်းအမျိုးသမီး ၆၀ ဦးထက်မနည်းကို သတ်ဖြတ်မှု ကျူးလွန်ထားပြီး ချင်းအမျိုး သမီး ၃၀ ဦးထက်မနည်းက နိုင်ငံတဝန်းက အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း Chin Civic Movement က ယနေ့မှာ သတင်းထုတ်ပြန်သည်။

သေဆုံးသွားသူများတွင် ချင်းအရပ်ဖက်အမျိုးသမီးခေါင်းဆောင်များ၊ သာမန်အရပ်သားပြည်သူ ချင်းအမျိုးသမီးများနှင့် လက်နက်ကိုင်တိုက်ပွဲ ဝင်နေသော ချင်းအမျိုးသမီးများ ပါဝင်ပြီး နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

“ဆန္ဒဖော်ထုတ်စဉ်ကာလမှာ ဖြစ်သွားတဲ့ ဆရာမ အားခူလိုမျိုးတွေရှိသလို တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲတွေနဲ့ ဆက်စပ်တဲ့ အခြေအနေတွေမှာပါ ပါပါတယ်”ဟု ချင်းအရပ်ဖက်လူမှုလှုပ်ရှားမှုအဖွဲ့ (Chin Civic Movement) မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆရာမ အားခူးသည် စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့် ၂၀၂၁ မတ်လမှာ ကလေးမြို့ ဆန္ဒပြပွဲတွင် ပစ်ခတ်ဖြိုခွင်မှုကြောင့် ကျဆုံးခဲ့သော အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ Women for Justice အဖွဲ့ခေါင်းဆောင်ဖြစ်သည်။

ထို့အပြင် ချင်းပြည်နယ်နှင့် မကွေး၊ မော်လမြိုင်၊ ရန်ကုန် စသည့် မြို့များရှိ အကျဉ်းထောင်များတွင်လည်း ချင်းအမျိုးသမီးများ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး ချင်းအမျိုးသမီး ၃၀ ဦးထက် မနည်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း Chin Civil Movement က ယနေ့ မတ်လ ၈ ရက် ၊ နိုင်ငံတကာအမျိုးသမီးများနေ့တွင် ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးတွင် ချင်းအမျိုးသမီးများမှာ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍပေါင်းစုံတွင် ပါဝင်နေကြောင်း လက်ရှိချင်းပြည်အစိုးရအဖွဲ့တွင်လည်း အမျိုးသမီးပါဝင်မှု အချိုးမှာ ၁၁ ရာခိုင်နှုန်းသာရှိကြောင်း CCM က ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးတွင် ချင်းအမျိုးသမီးများသည် ကဏ္ဍအသီးသီးမှာ ပါဝင်နေကြရာတွင် အမျိုးသမီးနှင့် မိန်းကလေးများကို ခွဲခြားဖိနှိပ်ထားသော နဂိုမူလ ချင်းလူမှုစံနှုန်း၊ ဓလေ့ထုံးတမ်းများကြောင့် တော်လှန်ရေးကာလ တလျှောက် လိင်အခြေပြု အကြမ်းဖက်မှုပေါင်းစုံကို ပိုမိုရင်ဆိုင်နေကြရကြောင်း CCM က ထုတ်ပြန်သည်။

စစ်ကောင်စီက အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်မှုများကို စစ်ရေးဗျူဟာအတွက် အသုံးပြုသကဲ့သို့ တော်လှန်ရေးကာလမှာလည်း အမျိုးသားများနှင့် တန်းတူ တာဝန်ယူဆုံးဖြတ်ချက် ချခွင့် များစွာ အားနည်းနေကြောင်း CCM က ဆိုသည်။

ယင်းအချက်များက အာဏာရှင်စနစ်အမြတ်ပြတ် ခြေမှုန်းရေကို အဟန့်အတားဖြစ်စေပြီး အမျိုးသမီး ဦးဆောင်မှုဖြင့် တော်လှန်ရေး ကို အရှိန်မြှင့်တင်ရန် တိုက်တွန်းကြောင်း သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ချင်းအချင်းချင်းကြားက ပဋိပက္ခများနှင့် သဘောထား ကွဲလွဲမှုများကို အပြန် အလှန်လေးစားမှု ရှိသော နိုင်ငံရေးစကားဝိုင်းဖြင့် အမြန်ဆုံး အဖြေရယူရန် Chin Civic Movement က တိုက်တွန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.