• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးဒဏ်ရာရရှိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦးဒဏ်ရာရရှိ

0
By Editor on March 14, 2023 Headline

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် တီးတိန်မြို့နယ် ဟိုင်မွလ်ကျေးရွာအနီးတွင် ယနေ့မနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားကာ အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့မတ်လ ၁၃ ရက် မနက်ပိုင်း ၁၀ နာရီခန့်က ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက်မှ တီးတိန်မြို့နယ် Lunmual ကျေးရွာသို့ အသင်းတော်အစည်းအဝေးတက်ရောက်ရန်သွားရောက်ကြသော Seven day အသင်းတော်မှ အသင်းသူအသင်းသားများသည် ဆိုင်ကယ်ဖြင့်သွားရောက်စဉ် ဟိုင်မွလ်ရွာအနီးတွင် မိုင်းထိမိပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

“ပွဲတက်ရောက်ဖို့သွားကြတာ အခြားဖွဲ့တွေက ကြိုသွားနှင့်တော့ သူတို့က နောက်ကြကျန်ရစ်နေတဲ့ခါမှာ လောလောကြီး သွားကြတာ။ အဲ့တာနဲ့ လမ်းခရီးအနီးဆုံး Short cut လမ်းကို သွားမိလိုက်တော့ အဲ့ဒီမှာပဲ မိုင်းနင်းမိသွားတာ။ သူတို့က ၄ ယောက်ဗျာ၊ ဆိုင်ကယ် နှစ်စီးနဲ့။ နောက်က ဆိုင်ကယ် တစ်စီးရယ် အနောက်မှာထိုင်တဲ့ သူက ကံကောင်းတယ်။ ဘာဒဏ်ရာမှမရဘူး။ ကျန်တဲ့ သုံးယောက်က ဒဏ်ရာရတယ် နှစ်ယောက်ကတော့ အပြင်းထန်ဒဏ်ရာရသွားတယ်။ ကျွန်တော့်တူမလေးကတော့ ခြေထောက်ပြတ်သွားပြီးတော့ နံရိုးထိတယ်၊ နားကနေ သွေးတွေထွက်ပြီးတော့ ဘာမှမကြားနိုင်ဘူး အခြေနေက တော်တော်ဆိုးနေတယ်” ဟု ဒဏ်ရာရရှိသူ၏ မိသားစုဝင်တစ်ဦး ပြောသည်။

ဒဏ်ရာရရှိသူများသည် ရိခေါဒါရ်မြို့အမှတ် ၂ ရပ်ကွက် (တီအိုချောင်း) တွင် နေထိုင်သော အသက် ၁၇ နှင့် ၂၀ အရွယ် လူငယ်များဖြစ်ကြပြီး မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာဘက်သို့ ပို့ဆောင်ကာ ဆေးဝါးကုသမှုခံယူလျှက်ရှိကြသည်ဟု သိရသည်။

အဆိုပါ မိုင်းသည် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ MEDF ဘက်က လုံခြုံရေးအရ ထောင်ထားသည့် မိုင်းများဖြစ်သည်ဟု သိရပြီး မိုင်းပေါက်ကွဲသည့် နေရာသည်လည်း မိုင်းအန္ဒာရယ်ကြောင့် ပြည်သူများ ဖြတ်သန်းသွားလာခွင့်မပြုသည့် ဒေသဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ ထောင်ထားတာမှန်တယ်။ ပြီးတော့ အဲ့ဒီလမ်းကို ကျွန်တော်တို့က ဆိုင်ကယ်လည်းသွားလို့မရအောင်၊ ကားလည်း သွားလို့မရအောင် ဆိုပြီးတော့ လမ်းကို စက်ကြီးနင့် ဖျက်ထားတယ်။ ပြီးမှ အဲ့မှာ ကျွန်တော်တို့က သစ်သားတွေနဲ့လည်းကာထားတယ်။ အဲ့မှာလည်း ဆိုင်းဘုတ်ထားတယ် (မသွားရ မိုင်းရှိတယ်) ဆိုပြီးတော့ ကျွန်တော်တို့က ချိတ်ထားတယ် ဒါပေမဲ့သူတို့က ဝင်တိုးပြီးတော့မှ ကံဆိုးချင်တော့ အဲ့လိုဖြစ်သွားတယ်။ စိတ်မကောင်းပါဘူး” ဟု MEDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.