Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်တွင် ကျည်ဆံနှင့် ဖောက်ခွဲရေးကိရိယာများ ဖမ်းမိ

အိန္ဒိယ-မြန်မာနယ်စပ်တွင် ကျည်ဆံနှင့် ဖောက်ခွဲရေးကိရိယာများ ဖမ်းမိ

0
By Editor on October 10, 2023 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ်တောင်ပိုင်း ရှာဟာခရိုင် အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် အာသံရိုင်ဖယ်နှင့် မီဇိုရမ်ရဲပူးပေါင်းတပ်ဖွဲ့က AK 47 ကျည်ဆံနှင့် ဖောက်ခွဲရေးလက်နက်များဖမ်းဆီးရမိသည်ဟု သိရသည်။

ရှာဟာခရိုင် Lungbun ကျေးရွာ အိန္ဒိယ-မြန်မာနယ်စပ်အနီးတွင် တရားမ၀◌င်လက်နက်ခဲယမ်းသယ်ယူမှုရှိသည်ဟု သတင်းရရှိထားချက်အရ အာသံရိုင်ဖယ်နှင့် ရှာဟာရဲတပ်ဖွဲ့တို့သည် အောက်တိုဘာလ ၈ ရက်မွန်းလွဲပိုင်း ၂ နာရီခန့်တွင် စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာမှာ ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု မီဇိုရမ်သတင်းဌာနတစ်ခုဖြစ်သည့် Bengvarna ကဖော်ြပသည်။

အာသံရိုင်ဖယ်နှင့် ရဲတပ်ဖွဲ့တို့သည် အမည်မသိလူ ၂ ဦးကို ရှာဖွေစစ်ဆေးမည့်အချိန်မှာ ကုလားတန်မြစ်တဖက်ကမ်း မြန်မာ ဘက်ခြမ်းသို့ထွက်ပြေးလွတ်မြောက်သွားကြီး ၎င်းတို့ကျကျန်ခဲ့သောအိတ်ထဲမှ အဆိုပါခဲယမ်းများကို ဖမ်းဆီးခဲ့ခြင်းဖြစ် သည်။

ဖမ်းဆီးရမိသည့် ခဲယမ်းများမှာ ဖောက်ခွဲရေးကိရိယာ Geletine အချောင်း ၁၀၀၊ Detonator အချောင်း ၁၀၀၊ AK 47 ကျည်ဆံ ၁၅၀ ၊ ၀◌ိုယာကြိုး ၁၀ မီတာ နှင့် ဘက်ထရီ ၁၀ လုံးတို့ဖြစ်သည်ဟု Bengvarna ကဖော်ပြသည်။

ယခုဖမ်းဆီးရမိသော လက်နက်ခဲယမ်းများကို ရှာဟာမြို့ရဲတပ်ဖွဲ့ထံသို့ အမှုဖွင့်အပ်နှံကာ ယင်းအမှုနှင့် ပတ်သက်ဆက်နွယ်သူများအား စုံစမ်း ရှာဖွေလျက်ရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.