Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Walkie Talkie စကားပြောစက်အလုံး ၁၀၀ အာသံရိုင်ဖယ် တပ်ဖမ်းဆီး

အိန္ဒိယ-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Walkie Talkie စကားပြောစက်အလုံး ၁၀၀ အာသံရိုင်ဖယ် တပ်ဖမ်းဆီး

0
By Editor on February 13, 2024 Khonumthung

(005MK)

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ရှာဟာခရိုင်ထဲမှာ အာသံရိုင်ဖယ်တပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦးထံ Walkie Talkie စကားပြောစက်အလုံး ၁၀၀ ဖမ်းဆီးရမိသည်ဟု သိရသည်။

ဖေဖော်၀ါရီလ ၁၀ ရက်နေ့က မြန်မာဘက်ကိုပို့ဆောင်မည်ဟု ယူဆရသော အဆိုပါစကားပြောစက်များကို ရှာဟာခရိုင် Siahatlang လမ်းဆုံတွင် အာသံရိုင်ဖယ်တပ်ဖွဲ့က စစ်ဆေးရှာဖွေရာမှာ ကားတစ်စီးပေါ်ကနေ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းမှာ ဖော်ပြသည်။

ဖမ်းဆီးရမိသော ပစ္စည်းများမှာ UV-10R (Walkie Talkie စကားပြောစက်အလုံး ၁၀၀)၊ ဘက်ထရီအလုံး ၁၀၀၊ အားသွင်းစက် (Charging set) အလုံး ၁၀၀ ဖြစ်ပြီး တန်ဘိုးအားဖြင့်ရူပီးငွေ ၂ သိန်းခန့်ရှိသည်ဟု သိရသည်။

အဆိုပါစက်ပစ္စည်းများနှင့်အတူ ချင်းပြည်နယ် ဟားခါးမြို့နယ်က အသက် ၃၈ နှစ်အရွယ် Chungtu ဆိုသူကို ဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

နယူးဒေလီရှိ UNHCR ရုံး၏ အဓိကဝန်ဆောင်မှုအချို့ ရပ်ဆိုင်းမည်

စစ်ကော်မရှင်တပ်၏ လက်နက်ကြီးကြောင့် တီးတိန်မှာ ၈ နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ပူးဂင့်ကမ်းလျန်ကို အကြမ်းဖက်သမားအဖြစ်မှ ပြန်လည်ရုပ်သိမ်းကြောင်း NUG ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.