• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ် ၁၉ ကူးစက်ခံရသူ ၁၆၀ ကျော်ရှိပြီ

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ကိုဗစ် ၁၉ ကူးစက်ခံရသူ ၁၆၀ ကျော်ရှိပြီ

0
By Editor on June 22, 2021 Khonumthung

အိန္ဒိယ – မြန်မာနယ်စပ် အမှတ် ၂ နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ ချင်းပြည်နယ် ရိခေါဒါရ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၀ နီးပါးရှိပြီဖြစ်ကြောင်း ရိဒ်ပြန်ဆက်ဦးစီးမှူး ဦးပက်လောမ်မာကပြောသည်။

“ကျနော်တို့ စတင်စစ်ဆေးတဲ့နေ့ကနေ ယနေ့ထိက ရောဂါကူးစက်သူက ၁၆၂ ဦးရှိပြီ ကူးစက်ခံရတဲ့သူတွေက အခုထိတော့ အဲလောက်ထိ ကျန်းမာရေးဆိုးဆိုးရွားရွားရှိတဲ့သူတွေတော့ဖြစ်တဲ့သူတွေတော့မရှိဘူး ကျန်းမာရေး အခြေအနေကောင်းကြပါတယ် ၁ ယောက် ၂ ယောက် ၃ ယောက်လောက်တော့ ဆေးရုံတင်ထားတာတော့ရှိတယ် အဲဒီတစ်ယောက်နှစ်ယောက်လောက်တော့ အောက်ဆီဂျင်တော့ပေးရတယ် ကျနော်တို့ဘက်ကူးစက်တဲ့သူတွေက လူလတ်ပိုင်းဘက်ပိုများတယ် ကျနော်မှတ်တမ်းအရဆိုရင် အသက် ၃၀ နဲ့ ၄၀ ပတ်ဝန်းကျင်တွေပိုများတယ်” ဟု ရိဒ်ပြန်ဆက်ဦးစီးမှူး ဦးပက်လောမ်မာကပြောသည်။

ရိဒ်ခေါ်ဒါရ်မြို့တွင် ကွာရန်တင်းစင်တာ သီးသန့်မရှိသည့်အတွက် လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်သူများကို မိမိအိမ်များတွင် Home Quarantine အဖြစ်ထားရှိကာ ကုသုမှုဆောင်ရွက်နေကြောင်း သူကဆက်ပြောသည်။

အိန္ဒိယ – မြန်မာနယ်စပ်မြို့ ရိဒ်ခေါ်ဒါရ်မြို့တွင် အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် ၂ ခုရိပြီး ကိုဗစ်ကူးစက်ခံရသူ အမှတ် (၂) ရပ်ကွက်တွင် (၁၄၂) အမှတ် (၁) ရပ်ကွက်တွင် (၂၀) ဦးရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ တစ်ဦးရှိပြီဟုသိရပြီး သေဆုံးသူမှာ နယ်ခံမဟုတ်ဘဲ ကလေးမြို့ကဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများ ကုသရေးပိုင်းတွင် ရိဒ်ခေါ်ဒါရ်မြို့၌ တိုက်နယ်ဆေးရုံအဆင့်သာရှိခြင်းကြောင့် အောက်ဆီဂျင်၊ ဆေးဝါးနှင့် ကုသပေးမည့် သူနာပြုဆရာ/ဆရာမများ မလုံလောက်ကြောင်း ပြန်ဆက်ဦးစီးမှူးကပြောသည်။

အိန္ဒိယ – မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ ရိဒ်ခေါ်ဒါရ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးမှုကို ဇွန်လ ၇ ရက်နေ့ကစတင်ပြီး ယနေ့ ဇွန်လ ၂၂ ရက်နေ့အထိ လုပ်ဆောင်ခဲ့ရာ ယနေ့အချိန်အထိ ကူးစက်ခံရသူစုစုပေါင်း ၁၆၂ ဦးရှိပြီဖြစ်သည်။ L

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.