• Home
  • Featured
  • English
  • Headline
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ စစ်ကောင်စီတပ်စခန်း ၂ ခုကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်

0
By Editor on November 14, 2023 Headline

(006SV)

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိခေါဒါရ်မြို့က စစ်ကောင်စီ၏ တပ်စခန်းနှစ်ခုကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှာ သိမ်းနိုင်ခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး (CNF/CN A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်ကတည်းက ချင်းအမျိုးသားတပ်ဦး (CNF)၊ CDF-Hualngoram၊ CDF – ထန်တလန်နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခဲ့ရာ ယနေ့ မနက်ပိုင်းတွင် ရိခေါဒါရ်မြို့ အမှတ် ၁ ရပ်ကွက် တောင်ကုန်းပေါ်က စစ်တပ် အထိုင်းစခန်းတစ်ခုကို သိမ်းနိုင်ခဲ့ပြီး ညနေပိုင်းတွင် အမှတ် ၂ ရပ်ကွက် (တီယိုချောင်း) တောင်ကုန်းပေါ်က စခန်းတစ်ခုကို ထပ်မံသိမ်းနိုင်ခဲ့သည်ဟု CNF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျဆုံးသူ ရဲဘော်တချို့လည်းရှိခဲ့ကာ စစ်ကောင်စီ ဘက်က ငါးယောက်ထက်မနည်း ကျဆုံးခဲ့သည် ဟု CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အာအက်အေသတင်းဌာနကို အတည်ပြုဖြေကြားသည်။

စစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ခုနှစ်ယောက် လက်နက်ချခဲ့ပြီး အများစုမှာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားသူများလည်းရှိသည်ဟု ဆလိုင်းထက်နီက အတည်ပြုထားသည်။

ယင်းတပ်စခန်း ၂ ခုသည် အိန္ဒိယ- မြန်မာ အမှတ် ၂ ကုန်သွယ်ရေးစခန်းတည်ရှိရာ ရိခေါဒါရ်မြို့တွင်ရှိသောကြောင့် စစ်ကောင်စီ၏ ကုန်သွယ်ရေးနှင့် စီးပွားရေကို ဖြတ်တောက်လို၍ သိမ်းခြင်းဖြစ်သည်ဟု သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူ အများအပြားအသုံးပြုခဲ့သောကြောင့် အရပ်သားပြည်သူ ၁၀ ယောက်ခန့် ဒဏ်ရာရရှိခဲ့ပြီး အိန္ဒိယနိုင်ငံဘက်တွင်လည်း လက်နက်ကြီးများ ကျရောက်ခဲ့သောကြောင့် စစ်ဘေးရှောင်တစ်ဦးသေဆုံးကာ ကလေးတစ်ဦးနှင့် လူကြီးတစ်ဦး ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

တိုက်ပွဲကြောင့် ရိဒ်ခေါ်ဒါရ်မြို့ ဒေသခံပြည်သူများအားလုံး တဖက်အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်နေရသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး

“ZZLMS စစ်ဆင်ရေး”အမည်နှင့် ရေဇွာမြို့ကို ချင်းပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်နှင့်စစ်ကောင်စီတပ်သားများ အရှင်ဖမ်းဆီးရမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 29, 2023

အနာဂတ်ချင်းပြည်ထောင်တည်ဆောက်ရေး ကနဦးခြေလှမ်းအစ (သို့) ရိခေါဒါရ်မြို့

November 29, 2023

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ၏ သောက

November 24, 2023

“ရိခေါဒါရ်မြို့မှာ ပြည်သူ့အုပ်ချုပ်ရေး တည်တည်ငြိမ်ငြိမ်နဲ့ စတင်အကောင်အထည်ဖော်ဖို့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေပြုနေပါပြီ”

November 3, 2023

ချင်းရဲဘော်တွေနဲ့ တော်လှန်ဂီတ 

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.