• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»အိုင်ဇောလ်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

အိုင်ဇောလ်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

0
By Editor on February 22, 2023 Khonumthung

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ပွဲတော်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် ဒေသစံတော်ချိန်ည ၇ နာရီတွင် စတင်ကျင်းပခဲ့ကြပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ချီးမြင့်ခဲ့သည်။

ယင်းအစီစဉ်တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါအပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYMA , MZP, MSU, ZORO နှင့် မဏိပူရ်ပြည်နယ်မှ Kuki-Inpui စသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ကြသည်။

ချင်းအမျိုးသားနေ့ ညအခမ်းအနားတွင် Mizo Student Union (Kulva Cultural Club), Zomi Cultural Society, MZP အဖွဲ့တို့မှ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြပြီး ဒုတိယပိုင်းအစီစဉ်ကို တေးဂီတဖျော်ဖြေမှုဖြင့် ဆက်လက်ကျင်းပခဲ့ကြရာ Guy from Chin, Zaii Hauchhum, The Matupians, David Darlong, Sawmtea Chhangte, Thawm Kham တို့မှ သီဆိုဖျော်ဖြေပေးခဲ့ကြသည်။

(Photos – Khonumthung Media Group)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.