Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»အိုင်ဇောလ်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

အိုင်ဇောလ်မြို့တွင် ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပ

0
By Editor on February 22, 2023 Khonumthung

ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ပွဲတော်ကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့ Vanapa ခန်းမတွင် ဒေသစံတော်ချိန်ည ၇ နာရီတွင် စတင်ကျင်းပခဲ့ကြပြီး မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ဧည့်သည်တော်ကြီးအဖြစ် တက်ရောက်ချီးမြင့်ခဲ့သည်။

ယင်းအစီစဉ်တွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါအပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိ အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော CYMA , MZP, MSU, ZORO နှင့် မဏိပူရ်ပြည်နယ်မှ Kuki-Inpui စသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြပြီး NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆလိုင်းလျန်လွယ်တို့လည်း တက်ရောက်အမှာစကားပြောကြားခဲ့ကြသည်။

ချင်းအမျိုးသားနေ့ ညအခမ်းအနားတွင် Mizo Student Union (Kulva Cultural Club), Zomi Cultural Society, MZP အဖွဲ့တို့မှ ရိုးရာယဉ်ကျေးမှုအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြပြီး ဒုတိယပိုင်းအစီစဉ်ကို တေးဂီတဖျော်ဖြေမှုဖြင့် ဆက်လက်ကျင်းပခဲ့ကြရာ Guy from Chin, Zaii Hauchhum, The Matupians, David Darlong, Sawmtea Chhangte, Thawm Kham တို့မှ သီဆိုဖျော်ဖြေပေးခဲ့ကြသည်။

(Photos – Khonumthung Media Group)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.