• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»အိန္ဒိယတွင် UN ကဒ်အသစ်ထုတ်ပြီးသူ ထောင်ကျော်ရှိပြီ

အိန္ဒိယတွင် UN ကဒ်အသစ်ထုတ်ပြီးသူ ထောင်ကျော်ရှိပြီ

0
By Editor on April 15, 2019 Headline

By မိုးကျော် – ချင်းဒုက္ခသည်များ နိုင်ငံတကာအကာအကွယ်ပေးမှု ဆက်လက်လိုအပ်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) က ပြောဆိုသည့်နောက်ပိုင်း အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များကို UN ကဒ်အသစ် ထုတ်ပေးလျက်ရှိရာ UN ကဒ်အသစ်ထုတ်ပြီးသူ ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

နယူးဒေလီအခြေစိုက် Chin Human Right Organization (CHRO) တာဝန်ခံ Salai Cung Dawt က “UN ကဒ်ကို ယခုလ ဧပြီလနောက်ဆုံးထားပြီး ထုတ်ပေးဖို့ UN ဘက်က အစီအစဉ်ရှိတယ်။ ဒုက္ခသည်တွေ နေ့တိုင်းနေ့တိုင်း သွားထုတ်ကြတယ်။ UN ကဒ်ထုတ်ပြီးသူ ၁၀၀၀ ကျော်လောက်တော့ရှိပြီ၊ UN ဘက်ကတော့ အကန့်အသတ် လုပ်ထားတယ်၊ တစ်ရက်မှာ ၁၀ ယောက်ကနေ ၁၂ ယောက်အထိ ထုတ်ပေးတယ်။ မနက် ၁၀ နာရီကနေ ညနေ ၆ နာရီအထိ ထုတ်ပေးတယ်။ သွားထုတ်ကြတဲ့ ဒုက္ခသည်တွေ အတော်များတယ်။” ဟု ပြောသည်။

ယခုထုတ်ပေးသည့် UN ကဒ် သက်တမ်းမှာ ၂၀၂၁ ခုနှစ် ဧပြီလအထိဖြစ်ပြီး ယခု UN ကဒ် ရှိခြင်းအားဖြင့် လက်ရှိ မိမိနေထိုင်သည့် နိုင်ငံတွင် နေထိုင်ခွင့်ရသည့် သဘောဖြစ်ကြောင်း Salai Cung Dawt က ယခုလို ဆက်ပြောသည်။

“ဒီ ကဒ်ဟာ အဓိကအားဖြင့် ဒီနိုင်ငံမှာ နေထိုင်ခွင့်ရတယ်ဆိုတဲ့သဘောဖြစ်တယ်။ ဒီ ကဒ်နှင့် ဒီနိုင်ငံမှာ အလုပ်လုပ်ပိုင်ခွင့် တော့မရှိဘူး။ UNHCR က ကျနော်တို့ကို စောင့်ရှောက်ပါတယ်ဆိုတဲ့ သဘောမျိုးပါဘဲ။ ကျန်တာ ဘာမှမရှိဘူး။ နောက်တစ်ချက်က ယခုခေတ်စားနေတဲ့ Austria sponsorship ကို ဒီ UN ကဒ်ရှိမှဘဲ သွားလို့ရတာဖြစ်တယ်။ ပြီးတော့ အိန္ဒိယ အစိုးရက ကျနော်တို့ကို residential permit ရယ်၊ long time visa တွေကို လုပ်ပေးတယ်။ အဲဒါကို ဒီ UN ကဒ်နှင့်ဘဲ apply လုပ်လို့ရ တယ်’’ ဟု သူကဆက်ပြောသည်။

ယခုလက်ရှိအခြေအနေတွင် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် UN ကဒ် ထုတ်ခွင့်ရှိသူ လူဦးရေ (၃၀၀၀) ကျော်လောက်ရှိပြီး ယခုတွင် တစ်ဝက်လောက်ကသာ UN ကဒ်ကို ထုတ်နိုင်သေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.