Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»အေအေမှ ၄လကျော်ကြာဖမ်းဆီးထားသည့် ဆလိုင်းအောင်စိုး ပြန်လည်လွတ်မြောက်လာ

အေအေမှ ၄လကျော်ကြာဖမ်းဆီးထားသည့် ဆလိုင်းအောင်စိုး ပြန်လည်လွတ်မြောက်လာ

0
By Editor on December 15, 2020 Headline

#Unicode

Benezer – ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့မှ ၄ လ နှင့် ၁၆ ရက်ကြာ ဖမ်းဆီးထားသည့် ချင်းလူငယ်ဆလိုင်းအောင်စိုး ပြန်လည်လွတ်မြောက်လာပြီး ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့သည်ဟု ဆလိုင်းအောင်စိုး၏ မိသားစုဝင်များထံမှ သိရသည်။

“ဆလိုင်းအောင်စိုးလွှတ်မြောက်လာပြီဆိုတာ မှန်ပါတယ်၊ ဒီနေ့နေ့လည် ၂ နာရီဝန်းကျင်မှာ ပလက်ဝမြို့ကို ပြန်ရောက်ပါတယ်၊ ကျန်းမာရေးလဲ လက်ရှိအခြေအနေတော့ကောင်းနေတယ်၊ ခုတော့ ရဲစခန်းမှာစစ်ဆေးနေတယ်၊ လွန်ခဲ့တဲ့တစ်ရက်နှစ်လောက်က သူနေတဲ့နေရာလောက်ကနေ လာကြိုပါဆိုပြီး အကြောင်းကြားလာတော့ သူ့အမျိုးနှစ်ယောက်က သွားကြိုကြတာ” ဟု ဆလိုင်းအောင်စိုး၏ ယောက်ဖဖြစ်သူ ကိုရမ်နှင်းကပြောသည်။

ဆလိုင်းအောင်စိုးအား AA တပ်မှ ကန်ဒီဝကျေးရွာသို့ လာကြိုရန် အကြောင်းကြားခဲ့သဖြင့် မိသားစုဝင်နှစ်ဦးနှင့် ရေတခွန်ရွာမှကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကန်ဒီဝကျေးရွာသို့ သွားရောက်ခေါ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

ဆလိုင်းအောင်စိုးအပါအဝင် ချင်းလူငယ် (၄) ဦးတို့သည် ပြီးခဲ့သော ဇူလိုင်လ (၂၉) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့အပြန် ငသရိုင်းကျေးရွာအနီးတွင် AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကျန် (၃) ဦးမှာ ဩဂုတ်လ ၂၅ ရက်နေ့တွင်လွတ်မြောက်ခဲ့ပြီး ဆလိုင်းအောင်စိုးမှာမူ ယနေ့မှ ပြန်လည်လွတ်မြောက်လာ ခြင်းဖြစည်သည်။

#Zawgyi





Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.