• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ပြည်နယ်နှင့် နိုင်ငံတော်အဆင့်မှ လုံခြုံရေးမလုပ်ဆောင်ပေးခြင်းကြောင့် ကုလားတန်စီမံကိန်း ရှေ့ဆက်ရန်မဖြစ်နိုင်

ပြည်နယ်နှင့် နိုင်ငံတော်အဆင့်မှ လုံခြုံရေးမလုပ်ဆောင်ပေးခြင်းကြောင့် ကုလားတန်စီမံကိန်း ရှေ့ဆက်ရန်မဖြစ်နိုင်

0
By Editor on March 4, 2020 Headline

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နိုင်ငံတော်အဆင့်မှ လုံခြုံရေးသေချာမလုပ်ပေးပါက အိန္ဒိယ-မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေသော ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းရှေ့ဆက်ရန်မဖြစ်နိုင်တော့ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ကပြောသည်။ 

ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ပလက်ဝ နှင့် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီးအကြား ကားလမ်းဖောက်လုပ်ရေးလုပ်ငန်းခွင်တွင် အသုံးပြုမည့် လောင်စာဆီနှင့် ဆန်၊ဆီ၊ဆားစသည့် စားနပ်ရိက္ခာများကို ပခုက္ကူ – မင်းတပ်- မတူပီ လမ်းဘက်မှ သယ်ဆောင်လာသော (၁၂) ဘီးယာဉ်တစ်စီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့က မီးရှိုဖျက်ဆီးခံခဲ့ရပြီး ၂၀၂၀ ခုနှစ်မေလအတွင်း အပြီးသတ်ရန်လျာထားသည့် ပလက်ဝ-ဇိုးရင့်ပွီးကာလမ်းသည်လည်း သတ်မှတ်ရက်အတွင်း မပြီးမြောက်နိုင်တော့ဘူးဟု ချင်းပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ 

“ နိုင်ငံတော်အဆင့်ကနေ လုံခြုံရေးကို သေချာမလုပ်ပေးဘူးဆိုလို့ရှိရင် ဒါကဆက်လုပ်လို့ မရဘူး ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး တပ်မတော်ကလွဲပြီးတော့ ကျန်တဲ့ဌာနဆိုင်ရာတွေက ဘာမှလုပ်ပေးလို့မရဘူး” ဟု ၀န်ကြီးကပြောသည်။ 

ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုပြင်းထန်လာသည့်အတွက် ယခုလက်ရှိတွင် ကျောက်တော် – ပလက်ဝအကြား ရေလမ်း ကုန်းလမ်းများ ပိတ်ထားရ သည့်အခြေအနေဖြစ်ပြီး ကုန်စည်စီးဆင်းမှုမရှိသည့်အတွက် ပလက်ဝမြို့နယ်တွင် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက် နေသည့်အပြင် ရိက္ခာပြတ်လပ်သည့်အနေအထားဖြစ်နေပြီဟု သိရသည်။ 

ထို့အပြင် ယခုလက်ရှိ ပလက်ဝမြို့တွင် ဒီဇယ်ဆီပြတ်လုနီးပါးဖြစ်နေ သည့် အတွက် လျှပ်စစ်မီးပေးနိုင်တော့မည်မဟုတ်ဘဲ  စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် မီးအခက်အခဲကြုံလာနိုင်သည်ဟု ခူမီးချင်းမျိုးနွယ်စုများပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) ဥက္ကဌ ဦးကျော်ငြိမ်းကပြောသည်။ 

“မြန်မာ့တပ်မတော်ဖြစ်ပါစေ၊ AA တပ်ဖွဲ့ဖြစ်ပါစေ၊ ပလက်ဝဒေသရဲ့ စားဝတ်နေရေးအခက်အခဲတွေကို လူသားချင်းစာနာထောက်ထားခြင်းအားဖြင့် သွားလာခွင့်ပြုဖို့ကျနော်တို့တောင်းဆိုပါတယ်၊ ဒေသခံပြည်သူများရဲ့ အခက်အခဲမျိုးစုံကို ကူညီဖြေရှင်းပေးဖို့လိုပါတယ်၊ မကြာခင်မှာ ၁၀ တန်းစာမေးပွဲကစစ်တော့မှာဒီဇယ်ဆီ ကလည်းပြတ်လတ်နေပြီ ကျနော်တို့ဘက်မှာက မဟာဓာတ်အား လိုင်းလည်းမရဘူး ဒီဇယ်ဆီကလည်း တစ်ရက်နှစ်ရ က်ဆိုကုန်တော့မယ်ပြောတယ် ဒေသခံပြည်သူတွေရဲ့ ဒုက္ခအ၀၀ကို ကူညီဖြေရှင်းဖို့ ပြည်နယ်အစိုးရမှာ တာဝန်ရှိပါတယ်’’ ဟု ပြောသည်။ 

ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပလက်ဝဒေသသည် စစ်မက်ဖြစ်ပွားရာဒေသဖြစ်နေသည့်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဘာမှလုပ်ဆောင်၍ မရတော့ကြောင်း ပြည်ထောင်စုအဆင့်ကသာ လုပ်ဆောင်ပေးနိုင်သည့်အနေအထားဖြစ်နေပြီဟု ပြောသည်။

“ကျနော်တို့ချင်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက် ဘာမှလုပ်ပေးလို့မရဘူး ပြည်ထောင်စုကနေ ထောက်ပံ့တဲ့ပိုက်ဆံတွေရှိတယ် ချင်းပြည်နယ်အစိုးရကထောက်ပံ့တဲ့ပိုက် ဆံတွေရှိတယ်၊ ပြည်သူလူထုကနေထောက်ပံ့တဲ့ဗိုက်ဆံတွေရှိတယ်၊ အဲဒါတွေနဲ့ ဆန်ဆီဆားအကုန်ဝယ်ပြီးပြီ အဆင်သင့်ဖြစ်နေပြီ စစ်တွေ၊ ကျောက်တော်၊ ပလက်ဝ လမ်းကနေ လုံခြုံရေးပေးနိုင်လို့ရှိရင် ရိက္ခာတွေကို ပလက်ဝရောက်သွားမယ် ရေလမ်းကအဆင်မပြေရင် ကုန်လမ်း မတူပီ-ပလက်ဝဘက်ကနေလည်း လုံခြုံရေးပေးနိုင်ရင်ပို့လို့ရတယ် လုံခြုံရေးသာကောင်းရင် ဘယ်လမ်းကဖြစ်ဖြစ်အကုန်ပို့မယ် အခုက လုံခြုံရေး မပေးနိုင်တဲ့အခါကျတော့ ကျနော် တို့ဘာမှလုပ်လို့မရဘူး ချင်းပြည်နယ်အစိုးရက ဘာမှလုပ်ပေးလို့မရတော့ဘူး နိုင်ငံတော်အဆင့်ကဘဲ ကူညီပေးဖို့ရှိတော့တယ်’’ ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။ 

ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့  ရခိုင်ပြည်နယ်ကျောက်တော်မှ ပလက်ဝဘက်သို့ ရိက္ခာသယ်ယူသည့်ကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာကန် ကန့်သတ်ခြင်းမျိုး မရှိကြောင်းခိုနူမ်းသုန်ကိုပြောသည်။ 

“ကျနော်တို့ဒီအရပ်သားပြည်သူတွေအတွက် သယ်ယူမယ့် ရိက္ခာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ဘက်ကတော့ ဘာမှကန့်သတ်ထားတာမရှိဘူး ကျနော်တို့အရင်လည်း ကြေညာချက်ထုတ်ပြန်ပြီးသား ဘယ်သူမဆို ဒါပြည်သူလူထုအတွက် အခြေခံစားသုံးကုန်တွေကို သယ်ယူမယ်ဆိုလို့ရှိရင် သယ်ယူဖို့အတွက် ကျနော်တို့က အကူညီတောင်မှပေးအုံးမယ် ကျနော်တို့ဘက်က ထုတ်ပြန်ချက်ထုတ်ထားတာရှိတယ်”ဟု ဦးခိုင်သုခကပြောသည်။ 

ကုလားတန်ဖွံဖြိုးရေးစီမံကိန်းအတွက် အသုံးပြုမည့် လောင်စာဆီနှင့် ရိက္ခာများသယ်လာသည့် (၁၂) ဘီးယာဉ် မီးရှို့ခံရသည့်ကိစ္စအပေါ် ဦးခိုင်သုခက “ ကျနော့်ဆီကိုတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာသတင်းမှတက်မလာပါဘူး ဒါပေမဲ့လို့ ဒီစစ်ဖြစ်နေတဲ့နေရမှာ တစ်ခုခုသယ်ယူမယ်ဆိုလို့ရှိရင် သေချာသတင်းေ ပးမှသွားလာကြဖို့ ကျနော်တို့ဘက်ကနေပြီးတော့ ကြိမ်ကြိမ်ထုတ်ပြန်ချက်တွေလည်း ထုတ်ထားတာရိတယ် အဲဒီစစ်ဖြစ်နေတဲ့နေရာမှာ ဘာမှကြိုတင်သတင်း ပေးမှုမရှိပဲနဲ့ ၀င်လာလို့ရှိရင်လည်း မြေပြင်တပ်ဖွဲ့တွေကတော့ သူတို့လုံခြုံရေးအရ သူတို့လိုအပ်တဲ့ သင့်တော်တဲ့လုပ်ဆောင်မှုတွေလုပ်နိုင်တာတော့ရှိတယ်” ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။ 

ပလက်ဝမြို့နယ်သည် ယခုလက်ရှိတွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင် အင်တာနက်လိုင်းများ ကိုလည်း ဖေဖော်ဝါရီလ (၃) ရက်နေ့ကစ၍ ဖြတ်တောက်ခံထားရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.