Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“၂၀၂၅ က အားလုံးအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်”

“၂၀၂၅ က အားလုံးအတွက် အကောင်းဆုံးဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်”

0
By Editor on January 20, 2025 Featured

(006SV)

မြန်မာ့နွေဦးတော်လှန်ရေးမှာ တူမီးသေနတ်ကို စွဲကိုင်ပြီး စစ်အာဏာရှင်ကို အစောဆုံး ဆန့်ကျင်တော်လှန်တဲ့ ချင်းပြည်မှာ တော်လှန်ရေးကာလ ၄ နှစ်နီးပါးရှိလာချိန် ချင်းပြည်ရဲ့ နယ်မြေ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ချင်းတော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်စိုးမိုးထားနိုင်ပြီလို့ဆိုရမှာပါ။

ယခုလက်ရှိမှာလည်း ချင်းပြည်တောင်ပိုင်းတစ်ခုလုံးဖြစ်တဲ့ ပလက်ဝ၊ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တို့မှာ စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်သလို ချင်းပြည်မြောက်ပိုင်းမှာလည်း တွန်းဇံမြို့နယ်ဟာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်ပါတယ်။ ဖလမ်းမြို့မှာလည်း မြို့သိမ်းတိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေကြပါတယ်။

လက်ရှိမှာတော့ ပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့နဲ့ တီးတိန်၊ ထန်တလန် မြို့ပေါ်နေရာတချို့မှာသာ စစ်ကောင်စီတပ်ဖွဲ့တွေ နေရာယူ တပ်စွဲထားကြဆဲဖြစ်ပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌလည်းဖြစ် ချင်းလဲန်းကောင်စီ ဥက္ကဌ ပူးဇင်ကျုံးက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူး မိန့်ခွန်းသဝဏ်လွာမှာ ၂၀၂၅ ခုနှစ်ဟာ ချင်းပြည်မှာ စစ်ကောင်စီကင်းစင်တဲ့ပြည်နယ်ဖြစ်ရေးနဲ့ ချင်းအမျိုးသားညီညွတ်ရေး အခိုင် အမာအုတ်မြစ်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ချင်းပြည်ရဲ့ စစ်ရေး နိုင်ငံရေး ခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ပထမဆုံးအနေနဲ့ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ၂၀၂၅ ခုနှစ် စစ်ရေးရည်မှန်းချက်က ဘယ်လိုရှိပါလဲခင်ဗျာ။

ဖြေ – ၂၀၂၅ အတွင်းမှာ ချင်းလဲန်းအတွင်း စစ်ကောင်စီ ကင်းစင်ရေးကို အဓိက မျှော်မှန်းရတာပေါ့။

မေး – ၂၀၂၅ မှာ ချင်းပြည်နယ်ဟာ စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် မြင်တွေ့ရနိုင်လားခင်ဗျာ။ အဲဒီအတွက် ဘယ်လိုမျိုး စစ်ဆင်ရေးတွေဖော်ဆောင်မှာလဲ။ အရင်နှစ်တွေထက် တိုက်ပွဲတွေပိုပြီးပြင်းထန်လာနိုင်လား။

ဖြေ – စစ်ရေးအရှိန်မြှင့်ဖို့ ပြင်ဆင်ထားပါတယ်။

မေး – ၂၀၂၅ ဟာ ချင်းစည်းလုံးညီညွတ်ရေး အခိုင်အမာ အုတ်မြစ်ချနိုင်တဲ့ နှစ်ဖြစ်ရေး ကြိုပမ်းဆောင်ရွက်ကြဖို့ ချင်းလဲန်းကောင်စီ ဥက္ကဌက နှစ်ကူးမိန့်ခွန်းမှာ ပြောထားပါတယ်။ ချင်းလဲန်းကောင်စီနဲ့ ICNCC ၊ ချင်းညီနောင်‌ ပေါင်းစည်းရေးဟာ ၂၀၂၅ မှာ ဘယ်လို အခြေအနေ ရှိနိုင်ပါသလဲ။

ဖြေ – ငါတို့အတွင်း အမြင်မတူမှုတွေအတွက် နည်းလမ်းပေါင်းစုံနဲ့ ချိတ်ဆက်ဆွေးနွေးမှုတွေ ထဲထဲဝင်ဝင်လုပ်ဖို့ ပြင်ဆင်ထားပါတယ်၊ ၂၀၂၅ က အားလုံးအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့ ပြင်ဆင်ထားပါတယ်။

မေး – တီးတိန်မြို့ကို PDA က သိမ်းမယ်လို့ ထုတ်ပြန်ထားပါတယ်။ မဟာမိတ်အဖွဲ့တွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ PDA ဟာ ချင်းလဲန်းကောင်စီအဖွဲ့ဝင် ဖြစ်တဲ့အတွက် ချင်းလဲန်းကောင်စီအနေနဲ့ တီးတိန်မြို့ စစ်ဆင်ရေးနဲ့ပတ်သက်လို ဘယ်လိုသဘောထား ရပ်တည်ချက် ရှိပါသလဲ။

ဖြေ – PDA ရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပါတယ်၊ အနည်းဆုံး ပါဝင်ပူးပေါင်းမှု လုပ်ဖို့ မဖြစ်နိုင်ယင်လည်း ဘေးရှောင်ကြဖို့ပါပဲ။

မေး – တော်လှန်ရေးဖော်ဆောင်တဲ့နေရာမှာ ချင်းပြည်မှာ စစ်ကောင်စီကင်းစင်ဖို့က အဓိကမဟုတ်ဘူးလားခင်ဗျာ။ ဘာကြောင့် မြို့သိမ်းစစ်ဆင်ရေးတွေမှာ သူ့နယ်မြေ၊ ကိုယ့်နယ်မြေခွဲခြားပြီး လုနေကြရတာပါလဲ။ ပူးပေါင်း စစ်ရေးဖော်ဆောင်မှုတွေ မလုပ်နိုင်ရတာလဲ။

ဖြေ – ကျနော်တို့ချင်းတွေက ဘိုးဘွားခေတ်ကတည်းက မျိုးနွယ်အလိုက် နေထိုင်အုပ်ချုပ်လာခဲ့တဲ့ ဓလေ့ရဲ့ သန္ဓေပေါ့၊ အဲဒါကြောင့် အားလုံးစုစည်းနိုင်တဲ့ ချင်းလဲန်ကောင်စီကနေ စစ်ရေးနိုင်ငံရေးကို ဖော်ဆောင်နေတာပါ။

မေး – ချင်းလဲန်းကောင်စီနဲ့ ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ထောင်မှု ၁ နှစ်ဝန်းကျင်း ရှိလာချိန်မှာ ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် ပြည်သူ့ဝန်းဆောင်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါသလဲ။ ဥပမာအားဖြင့် ကျန်းမာရေးမှာ NUG အစိုးရနဲ့ပူးပေါင်းပြီး ဝန်ထမ်းအများအပြားကို ခေါ်ယူနေတာလည်း တွေ့နေရပါတယ်။

ဖြေ – ကျနော်တို့မှာ ချင်းလဲန်းကောင်စီမဖွဲ့ခင် ဒေသန္တာရအုပ်ချုပ်ရေးဖွဲ့ပြီးသားဆိုတော့ အဲဒါက အားသာချက်ပေါ့၊ အဲဒါကို ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၂၃) အောက်မှာ စုစည်းပြီး စစ်ရေးအုပ်ချုပ်ရေးကိစ္စတွေကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်၊ အခုဆို ထင်သာမြင်သာတဲ့ ရုပ်လုံးတွေပေါ်လာနေပါပြီ၊ NUG, တခြား Federal Unit တွေနဲ့လည်း ချိတ်ဆက်မှုတွေ လုပ်နေပါပြီ။

မေး – ၂၀၂၅ ခုနှစ်ထဲမှာ ချင်းတော်လှန်ရေးအင်အားစုတွေ အဓိက ရင်ဆိုင်ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။

ဖြေ – ၂၀၂၅ မှာက စကစ ကင်းစင်ပြီး အချင်းချင်းကြားအမြင်မတူသူတွေနဲ့ ပေါင်းစပ်ညှိနှိုင်းရေးတွေ ပိုမိုအောင်မြင်လာပါ လိမ့်မည်လို့ မျှော်လင့်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.