Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»၆ လတာအတွင်း ချင်းအမျိုးသားသေဆုံးမှု စံချိန်တင်မြှင့်တက်လာဟု ICA ထုတ်ပြန်

၆ လတာအတွင်း ချင်းအမျိုးသားသေဆုံးမှု စံချိန်တင်မြှင့်တက်လာဟု ICA ထုတ်ပြန်

0
By Editor on July 8, 2023 Headline

Salai Vakok

စစ်အာဏာသိမ်းသည့် ၂ နှစ်ခွဲကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ချင်းလူမျိုးသေဆုံးမှု မြင့်တက် လာနေပြီး ၂၀၂၃ ခုနှစ် ၆ လတာအတွင်းမှာ ချင်းအမျိုးသားများသေဆုံးမှု ၁၀၀ ကျော်ဖြင့် စံချိန်တင်မြင့်တက်လာသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဇူလိုင်လ ၄ ရက်နေ့က ထုတ်ပြန်သည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ကြောင့် ချင်းလူမျိုး ၁၀၉ ဦးထိသေဆုံးခဲ့ရပြီး အရပ်သားပြည်သူအယောက် ၅၀ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၉ ဦးတို့ပါဝင်သည်ဟု ICA ကဆိုပါသည်။ 

“အဲလိုဖြစ်တဲ့အတွက် ၂၀၂၃ မှာ ကျန်ရှိနေတဲ့ ၆လတာမှာရော ဘယ်လိုမျိုးရှိလာမလဲဆိုတာ စဉ်းစားစရာဖြစ်သွားပြီး။ အခုလည်း စစ်ကောင်စီအနေနဲ့ ထိုးစစ်ဆင်နေတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့်၊ ချင်း ပြည်သူတွေ ဘယ်လောက်များ သေဆုံးမှု မြင့်တက်လာမလဲ စောင့်ကြည့်ရမယ့် အထဲပါတာပေါ့နော်။ လေကြောင်းတိုက်ခိုက်မှု မသုံးဘူးဆိုရင် ဒီလောက် မြင့်တက်လာစရာ အကြောင်းမရှိဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပြည်တွင်းစစ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်အင်အားအဆမတန် အသုံးပြုမှုတွေ သာမန်အရပ်သားပြည်သူတွေရဲ့ အိုးအိမ်တွေ အသက်တွေကို ဖျက်ဆီးတာကို ဘယ်လိုများ ဆက်လက်အရေးယူမှုတွေ လာမလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ICA လက်ထောက်ညွန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောသည်။ 

အဆိုပါသေဆုံးသူများမှာ အရပ်သားပြည်သူအမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ထဲက အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြောင်းသိရသည်။ 

၎င်းတို့သည် တိုက်ပွဲတွင် ကျဆုံးသွားသူများ၊ မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးကြောင့် သေဆုံးသွားသူများဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးရသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က တာဝန်ရှိသူက ပြောသည်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းသည့်နှစ် ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုကြောင့် ချင်းအမျိုးသား ၁၆၄ ဦးသေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ ၁၉၅ ဦး သေဆုံးခဲ့သည်ဟု ICA ကဆိုသည်။ 

ယင်းသေဆုံးမှုပမာဏကို ကြည့်ခြင်းအားဖြင့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ၂၃ လအတွင်းမှာ ချင်းအမျိုးသားသေဆုံးမှု ၃၅၉ ဦးရှိကာ ၂၀၂၃ ခုနှစ်မှာတော့ ၆ လအတွင်းမှာ ချင်းအမျိုးသားသေဆုံးမှု ၁၀၉ ဦးထိရှိလာပြီး သိသိသာသာမြင့်တက်သွားသည် ကို တွေ့ရသည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခကို နိုင်ငံတကာအသိုင်းအဝန်းက အထူးဂရုစိုက်ကာ ထိရောက်သော စစ်ဆေးအရေးယူမှုများ ပြုုလုပ်သင့်ပြီးဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် (ICA) က တိုက်တွန်းသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.