Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးတောင်ပိုင်းမှာ တကျော့ပြန် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံး

ကလေးတောင်ပိုင်းမှာ တကျော့ပြန် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံး

0
By Editor on April 29, 2025 Headline

Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အရေးပေါ်ဆင်းသက်ရသည်အထိ ပစ်ခတ်နိုင်ခဲ့ဟုဆို

(006SV)

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ် ထိန်းချုပ်ထားသည့် ကြံသာရွာမှာ စစ်ကောင်စီစစ်ကြောင်း နှင့် တကျော့ပြန် တိုက်ပွဲများ ပြင်ထန်းခဲ့ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံးကြောင်း ချင်းအမျိုးသားတပ်ဦး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဧပြီလ ၂၅ ရက်က အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်သည် စစ်ကြောင်း ၂ ကြောင်းဖြင့် ကလေးနှင့် မကွေးအစပ်ရှိ ဟံသာဝတီကျေးရွာဘက်မှ တော်လှန်ရေးတပ် စိုးမိုးထိန်းချုပ်ထားသော ကြံသာရွာကို စစ်ကြောင်းထိုးလာရာမှ ဧပြီလ ၂၇ ရက် ညနေပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

“ကြံသာကို တို့က စိုးမိုးနေတာဆိုတော့ သူတို့က အဲဒီနေရာကို ပြန်ပြီး စိုးမိုးချင်တဲ့ သဘောမှာ ရှိတယ်။ အဓိကက ကလေးနဲ့ ဂန့်ဂေါကြား မိန်းလမ်းမကြီးရှိတယ်။ အဲဒါကိုပြန်စိုးမိုးချင်တာ ရှိတယ်။ ပြီးတော့ အဲဒီနေရာက ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို အဲဒီမှာ လုံလုံခြုံခြုံနဲ့ လုပ်မယ်လို့ မျှော်မှန်းထားနေတာ ဖြစ်လို့ အခုလိုမျိုး ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်။ ပျူစောထီး အင်အားကောင်းတဲ့ နေရာဆိုတော့ အင်မတန်မှ သူတို့ မျှော်လင့်ထားတဲ့ နေရာဖြစ်တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၂၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိနေသူများကို အဝေးမှ လှမ်းမြင်နေရသော်လည်း အတိအကျ မသိရသေးကြောင်း၊ လက်နက် ၈ လက်အပါအဝင် ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။

စစ်ကောင်စီသည် ကြံသာကို ပြန်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာမှုတွင် ဂျက်ဖိုက်တာ၊ Y – 12 လေယာဉ်၊ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့် ဒရုန်းများကို အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်က စစ်ကောင်စီသည် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်ရာတွင် တော်လှန်ရေး ပူးပေါင်းတပ်၏ ပစ်ခတ်မှုကြောင့် ရဟတ်ယာဉ် ထိမှန်ခဲ့ပြီး အရေးပေါ် ဆင်းသက်သွားခဲ့ရကြောင်း ၊ ယင်းရဟတ်ယာဉ်သည် နောက်ထပ်တိုက်ခိုက်မှုများတွင်လည်း မလာတော့ကြောင်း ဆလိုင်းထက်နီက အတည်ပြုပြောသည်။

လေကြောင်းတိုက်ခိုက်မှုများတွင် ကလေးမြို့တောင်းပိုင်းက နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်းသား၊ သံဖို နှင့် ငါးဖ ရွာများကိုလည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ ၄ ဦး သေဆုံးခဲ့သည်ဟု ဆလိုင်းထက်နီက ပြောသည်။

“၂၇ ညနေ ၅ နာရီမှာ တိုက်ပွဲက ယာယီရပ်သွားတယ်။ ဒီနေ့တိုက်ပွဲအခြေအနေက အခုထိက သတင်း ဝင်မလာသေးလို့ မသိရဘူး။ စစ်ကောင်စီက အဲဒီ ၂၇ ရက်တော့ ကျေးရွာ ၅ ရွာကို ဗုံးကြဲတိုက်ခိုက်ပြီးတော့ အသေအပျောက်တွေ ၃ ဦး၊ ၄ ဦးတော့ ရှိတယ်။ ကျနော်တို့တွေ မရှိတဲ့နေရာကို တမင်တကာကို အဲဒီကျေးရွာ ၅ ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

CDF – KKG Major Operation အဖြစ် ဖေဖော်ဝါရီလက စစ်ဆင်းရေးဖော်ဆောင်ပြီး စစ်ကိုင်းတိုင်း ကလေးမြို့နှင့် မကွေးတိုင်း ဂန့်ဂေါအကြားရှိ စစ်ကောင်စီ အခြေစိုက်စခန်းများဖြစ်သော ကမ်းပါးနီး စခန်း၊ မှန်တော၊ အရှေ့အောင်သာယာ၊ အနောက် အောင်သာယာနှင့် ပျူစောထီးအားကောင်းသည့် ကြံသာရွာတို့ကို ဧပြီလလယ်ခန့်က တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ထိန်းချုပ်ထားသည်။

လက်ရှိတိုက်ပွဲတွင် စစ်ကောင်စီ နှင့် CNF/ CNA၊ CDF – KKG၊ CDF- Vakok၊ MCF နှင့် NUG အစိုးရ အမှတ် ၁ စစ်ဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပါဝင်တိုက်ခိုက်နေကြောင်း သိရသည်။

ကလေးတောင်ပိုင်းက တိုက်ပွဲများတွင် ကျေးရွာပေါင်း ၁၂ ရွာထက်မနည်းက ဒေသခံပြည်သူ ၂၀၀၀၀ ဝန်းကျင်က အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်ခဲ့ကြရပြီး တချို့ တဝက်ကျော်မှာ ယခုတိုင် တိမ်းရှောင်နေကြရဆဲ ဖြစ်ကြောင်း၊ စစ်ဘေးရှောင်များအတွက် လူသားချင်စာနာမှုဆိုင်ရာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.