Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးတောင်ပိုင်း၊ ကြံသာမှာ တိုက်ပွဲများ ဖြစ်ပွားနေ

ကလေးတောင်ပိုင်း၊ ကြံသာမှာ တိုက်ပွဲများ ဖြစ်ပွားနေ

0
By Editor on August 4, 2025 Headline

(006SV)

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကြံသာရွာတွင် တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသည်ဟု CDF – KKG ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဩဂုတ်လ ၂ ရက်မှ စတင်၍ စစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းများ ခွဲ၍ တော်လှန်ရေး ပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် ကြံသာရွာကို ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားသည်။

“ဒီနေ့နဲ့ဆို ၃ ရက်ရှိပါပြီ၊၊ စစ်ကောင်စီက ကြံသာကို ပြန်လိုချင်လို့ ထိုးစစ်ဆင်လာတာပါ။ အထက်က ကြံသာကို ပြန်ရဖို့ ဖိအားပေးလာတာပါ။ အင်အားက 200 ခန့်ဖြစ်မယ်။ အင်အားတိကျတော့ မသိရပါဘူး။ အဓိကက ကျနော်တို့က ကြံသာမှာဘဲ ထိုင်ထားတော့ ကြံသာကို ပြန်ရဖို့ ထိုးစစ်ဆင်လာတဲ့သဘောပါပဲ။ အခုကတော့ တိုက်ပွဲက ပြန်ငြိမ်နေပါတယ်” ဟု CDF – KKG ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဟံသာဝတီကျေးရွာကို အခြေခံပြုပြီး စစ်ကြောင်းထိုးလာနေသည့် စစ်ကောင်စီတပ်နှင့် ဩဂုတ်လ ၂ ရက်က တရက်လုံး တိုက်ပွဲပြင်းထန်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်က စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်များ အခြေစိုက်ထားသည့် ကလေး- ဂန့်ဂေါ်လမ်းပေါ်က ကြံသာရွာစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်ရှိအချိန်ထိ ထိန်းချုပ်တပ်စွဲထားသည်။

ကလေး- ဂန့်ဂေါလမ်းပိုင်းကြားရှိ ကမ်းပါးနီစခန်း၊ မှန်တောနှင့် အောင်သာယာ အပါအဝင် စခန်း ၅ ခုနှင့် ကျေးရွာ ၃ ရွာတို့ကို CDF KKG ၏ Major Operationအဖြစ် ဖော်ဆောင်၍ တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

စစ်ကောင်စီသည် ဟံသာဝတီကို အမာခံအခြေပြုပြီး ကလေး – ဂန့်ဂေါလမ်းပိုင်းကြားက လက်လွတ်ထားရသော စခန်းများကို ပြန်လည် ရရှိရေး စစ်ကြောင်းထိုးမှုများ ပြုလုပ်နေရာ မေလမှ စတင်၍ ၃ လအတွင်း ထိတွေ့တိုက်ပွဲပေါင်း ၂၀ ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.