Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ
ပုံစာ - ကလေးမြို့ အကျဥ်းထောင်

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

0
By Editor on October 2, 2023 Headline

(003PT)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် မော်လိုက်ကလေးအကျဥ်းထောင်တွင် အကျဉ်းချခံရသည့် နိုင်ငံရေးအကျဥ်းသား များမှာ ဆေးကုသခွင့် မရရှိကြသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများ ခံနေကြရသည်ဟု ကလေးမြို့ ပင်မသပိတ် အင်အားစု (Kalay Township Strike Committee) အဖွဲ့က ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ယခုနှစ် ဧပြီလ ၁၆ ရက်နေ့က ကလေးမြို့တွင် တော်လှန်သကြန်ဆင်နွှဲကာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သော ကလေးမြို့နယ် သပိတ်ကော်မတီ အဖွဲ့ဝင် ကိုသန်းစိုးဦး (ခ) ကိုဂွတို၊ ကိုမျိုးကိုဝင်း (ခ) ကိုမျိုးကို၊ မနှင်းစံ (ခ) အိစံ နှင့်၊ မကျန်ဒိတ်ကိမ်တို့ ၄ ဦးသည် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ခံခဲ့ရသော ဒဏ်ကြောင့် အရေးပေါ် ဆေးကုသမှုများ လိုအပ်သော်လည်း စစ်ကောင်စီက ဆေးကုသခွင့်မပေးခဲ့ကြောင်း ကလေးမြို့ ပင်မသပိတ် အင်အားစုက ဆိုသည်။

၎င်းတို့ ၄ ဦးသည် ဆေးကုသခွင့်မရရှိကြသည့်အပြင် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ၊ ပုဒ်မ ၅၀(ည)၊ ၅၀(စျ) နှင့် ၅၂(က) စသည့် ပုဒ်မ တို့ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီးပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ကြရသည်။

ယခုလက်ရှိတွင်လည်း မော်လိုက်ကလေးအကျဉ်းထောင်ထဲတွင် မျက်စိနှာကူးစက်ရောဂါ ပျံ့ပွားလျက်ရှိပြီး အကျဉ်းသားများအနေဖြင့် ဆေးကုသခွင့်လည်း မရရှိကြကြောင်း ကလေးမြို့ ပင်မသပိတ်အင်အားစုက ဆိုပါသည်။

ထို့အပြင် မော်လိုက်ကလေး အကျဥ်းထောင်သို့ အခြားဒေသမှ အဓမ္မဖမ်းဆီးခံရ၍ ရောက်ရှိလာကြသော နိုင်ငံရေးအကျဉ်း သားများမှာ အဟာရလုံလောက်စွာ စားသောက်ခွင့်မရှိဘဲ (ငါးပိဘူး) များသာ စားသောက်နေကြရပြီး ထောင်၀င်စာတွေ့ခွင့်ရရန် အရေးပေါ်လိုအပ်နေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ အကျဥ်းထောင်အသီးသီးတွင် မတရားဖမ်းဆီးကာ ပြစ်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေး အကျဥ်းသူ၊ အကျဥ်းသားများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက်  ညှင်းပန်းနှိပ်စက်ခံရမှုများ ပပျောက်စေရေးနှင့် အလျင်အမြန် လွတ်မြောက်ရေးအတွက် စစ်ကောင်စီအား ဖိအားပေး ဆန့်ကျင် ကန့်ကွက်ရုံမျှနှင့် မလုံလောက်တော့ဘဲ နိုင်ငံတကာ အစိုးရနှင့် အဖွဲ့စည်းများအနေဖြင့် သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးနှင့် ချိတ်ဆက်၍ အကျိုးထိရောက်မှုရှိသည့် ပံ့ပိုးကူညီမှု များ ပြုလုပ်ကြရန် ကလေးမြို့ပင်မသပိတ်အင်အားစုအဖွဲ့က အလေးနက် တိုက်တွန်း တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြရန် နယူးဒေလီရောက် မြန်မာဒုက္ခသည်များပြင်ဆင်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

ခုခံစစ်ပြင်ဆင်နေစဉ် မင်းတပ်မြို့ပေါ် နေအိမ်ဖောက်ထွင်းမှုများ ဖြစ်ပေါ်လာ၊ ညမထွက်ရ အမိန့်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.