Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကားလမ်းပျက်စီးမှုကြောင့် ဇိုတုန်ဒေသအတွင်း ယာဉ်သွားလာမှုစည်းကမ်း ဇိုတုန်ဖက်ဒရယ်ကောင်စီ ထုတ်ပြန်

ကားလမ်းပျက်စီးမှုကြောင့် ဇိုတုန်ဒေသအတွင်း ယာဉ်သွားလာမှုစည်းကမ်း ဇိုတုန်ဖက်ဒရယ်ကောင်စီ ထုတ်ပြန်

0
By Editor on August 4, 2025 Khonumthung

(004SS)

မေလကုန်ပိုင်းမှစတင်၍ မိုးသည်းထန်မှုနှင့် မြေပြိုမှုများကြောင့် ဇိုတုန်ဒေသအတွင်းရှိ ကားလမ်းများ ပြင်းထန်စွာ ပျက်စီးမှုများ ကြုံတွေ့နေရပြီး ယာဉ်သွားလာရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထိုသို့သော အခြေအနေများကြောင့် ဇိုတုန်ဖက်ဒရယ်ကောင်စီမှ လမ်းပြုပြင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းများအနေဖြင့် လိုက်နာရမည့် လမ်းညွှန်ချက်များကို ယမန်နေ့ သြဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

ဇိုတုန်ဖက်ဒရယ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအနေဖြင့် (၁) ကားဘီးတွင် ချိန်းကြိုးများ ပတ်ပြီးမောင်းနှင်ခြင်းမပြုရန်နှင့် (၂) သတ်မှတ်ထားသော ကုန်တန်ချိန်ထက် ပိုမို၍ ကုန်စည်မတင်ဆောင်ရန်ဟူသော အချက် (၂) ချက်ကို သတ်မှတ်ထားခြင်းဖြစ်သည်။

ထို့အပြင် စည်းကမ်းဖောက်ဖျက်သူများအား ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပြီး လမ်းပြုပြင်ရေး လုပ်ငန်းများကိုလည်း အမြန်ဆုံးပြီးစီးရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇိုတုန်ဒေသအတွင်းရှိ ကားလမ်းများသည် မြေပြိုမှုများကြောင့် လမ်းများပေါ်သို့ မြေစာနှင့် သစ်ပင်များ ပြိုကျခြင်း၊ လမ်းများ ပဲ့ထွက်ပြိုကျခြင်း၊ ရွှံ့ဗွက်များ လမ်းကိုဖုံးလွှမ်းခြင်းစသည့် ပြဿနာများ ကြုံတွေ့နေရပြီး အချို့လမ်းများမှာ လုံးဝ သွားလာရန်ပင် ခက်ခဲ့သည့်အနေအခြေအ‌နေ ရှိနေကြောင်း သိရသည်။

ထိုပျက်စီးမှုများအား JCB စက်ယန္တရားများဖြင့် လမ်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ SKAT ကားများဖြင့် မြေစာများကို ရှင်းလင်းခြင်းစသည့် ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိနေကြောင်း ဇိုတုန်ဖယ်ဒရယ်ကောင်စီ၏ ဓါတ်ပုံမှတ်တမ်းများအရ သိရသည်။

လမ်းများပျက်စီးမှုကြောင့် ဒေသအတွင်း ကုန်စည်ပို့ဆောင်ရေးနှင့် နေ့စဉ်သွားလာရေး အဟန့်အတားဖြစ်နေသော်လည်း ကောင်စီအနေဖြင့် လမ်းများကို အရေးပေါ်ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ လုံခြုံချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.