Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတော်လှန်ရေးအင်အားစု ၂ ခုကို NUG အစိုးရက တော်လှန်ရန်ပုံငွေ ခွဲဝေပေးမည်

ချင်းတော်လှန်ရေးအင်အားစု ၂ ခုကို NUG အစိုးရက တော်လှန်ရန်ပုံငွေ ခွဲဝေပေးမည်

0
By Editor on January 20, 2025 Headline

(006SV)

ချင်းပြည်နယ်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေသော ချင်းလဲန်းကောင်စီ (Chinland Council) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG က တော်လှန်ရေးရန်ပုံငွေ ပထမဆုံးအကြိမ် ခွဲဝေပေးမည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ရရှိထားသည့် တော်လှန်ရေးရန်ပုံငွေများ မျှဝေခြင်းအခမ်းအနားကို ဇန်နဝါရီလ ၁၈ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့သည်။

“မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ရန်ပုံငွေ မျှဝေပေးတဲ့ အစီအစဉ်လေးပေါ့နော်။ ကျနော်တို့အနေနဲ့ ဒီလို ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေကို မျှဝေသုံးစွဲနိုင်တဲ့အတွက်လည်း ဝမ်းမြှောက်ဝမ်းသာ ဖြစ်ရပါတယ်။ ကျနော်တို့ အစိုးရအနေနဲ့လည်း ဒီတော်လှန်ရေးကာလမှာ မဟာမိတ်တွေနဲ့ အတူတကွ တိုက်ပွဲဝင်နေတဲ့အချိန်မှာ ကျနော်တို့မှာလည်း ငွေကြေးအခက်အခဲတွေ ကြားထဲကနေပြီး တတ်နိုင်သလောက် မျှဝေသုံးစွဲတဲ့ အစီအစဉ်လေးဖြစ်ပါတယ်” ဟု NUG အစိုးရ၊သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

ပြည်သူထံမှ ရရှိသည့် တော်လှန်ရန်ပုံငွေကို NUG အစိုးရအနေဖြင့် မဟာမိတ်များနှင့် မျှဝေသုံးစွဲသော ပေါ်လစီရှိပြီး ချင်းတော်လှန်ရေးအဖွဲ့အစည်း ၂ ခုကို တွေ့ဆုံကာ ရန်ပုံငွေ မျှဝေခြင်းအခမ်းအနားကို ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းတော်လှန်ရေးအင်အားစုများထံ ပေးအပ်သည် ရန်ပုံငွေပမာဏကို ပြောခွင့်မရှိသေး၍ မဖြေကြားနိုင်ကြောင်း ဦးကျော်ဇောက ပြောသည်။

သို့သော်လည်း ချင်းညီနောင်အဖွဲ့ဝင် PDF Zoland တာဝန်ရှိသူကတော့ NUG အစိုးရက ချင်းအင်အားစု ၂ ခုကို ဒေါ်လာတသိန်းစီ ရန်ပုံငွေပေးမည်ဟု ချင်းမီဒီယာတခုမှာ ဖြေဆိုထားသည်။

ချင်းလဲန်းကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပေါလ်က “ခွဲဝေပေးတယ်ဆိုတဲ့ဟာနဲ့ပဲ လက်ခံတာရှိတယ်။ အရေအတွက်ကိုတော့ မသိရဘူး။ ကျနော်တို့ လက်ထဲကိုလည်း မရောက်သေးဘူး။ သူတို့အနေနဲ့ ခွဲဝေပေးတယ်ဆိုတာကို ကျင်းပနိုင်ခဲ့ပါတယ်။ ဘယ်လောက်ပမာဏဆိုတာကို မသိရသေးလို့ ကျနော်တို့လက်ထဲ ရောက်မှပဲ ပြောလို့ရပါမယ်” ဟု ပြောသည်။

၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားရာတွင် NUG အစိုးရဖွဲ့စည်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF နှင့် သဘောတူညီချက် လက်မှတ်ရေးထားခဲ့ပြီး ရန်ပုံငွေ မျှဝေသုံးစွဲမှုရှိခဲ့သည်ဟု ဦးကျော်ဇောက ပြောသည်။

“အရင်တုန်းက မျှဝေ သုံးစွဲတာတွေ ရှိခဲ့ပါတယ်။ ပမာဏက အများကြီး မဟုတ်ပါဘူး။ အခုချိန်မှာ တော်လှန်ရေးကာလ ICNCC ဆိုရင်လည်း NUG နဲ့ ပူးပေါင်းလုပ်လာတဲ့ မဟာမိတ်အဖွဲ့ပေါနော်။ အခုချိန်မှာ ဒီ ၂ ဖွဲ့ လုံးကို မျှဝေသုံးစွဲတာက ဒီအစဉ်အစဉ်က ပထမဆုံးအကြိမ် ဖြစ်ပါတယ်” ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောသည်။

ရန်ပုံငွေ မျှဝေခြင်းပွဲကို NUG အစိုးရက ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် NUG အစိုးရ တာဝန်ရှိသူများ၊ Chinland Council (CC) ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ တို့မှ ချင်းခေါင်းဆောင်များ တက်ရောက်ကြသည်။

ယင်းပွဲမှာ ချင်းတော်လှန်ရေးအဖွဲ့ ၂ ခုမှ ခေါင်းဆောင်များ အတူတကွ တက်ရောက်နိုင်ခြင်းကို အင်မတန် ဝမ်းသာမိပြီး ချင်းအမျိုးသား ပေါင်းစည်းညီညွတ်ရေးကို အထောက်အကူပြုမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ဦးကျော်ဇောက ပြောသည်။

“အစဉ်အလာကောင်းတဲ့ ချင်းအမျိုးသားတွေရဲ့ စည်းလုံးညီညွတ်ရေးကို ကျနော်တို့တွေ မကြာခင် မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့က ချင်းအမျိုးသားတွေ ပေါင်းစည်းညီညွတ်ရေးအဖြစ်နဲ့ ချင်းပြည်နယ် လွတ်မြောက်ဖို့ NUG အစိုးရအနေနဲ့ အမြဲထောက်ခံ ကူညီသွားမှာ ဖြစ်ပါတယ်” ဟု NUG အစိုးရ၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

NUG အစိုးရတာဝန်ရှိသူများနှင့် ချင်းနှစ်ဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များသည် ယင်းအခမ်းအနားတွင် ချင်းစည်းလုံးညီညွတ်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များအကြား အတူတကွ နည်းလမ်းရှာ၍ ကြိုးပမ်းဆောင်ရွက်သွားမည်အကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ်တွင် မြို့ ၄ မြို့သာ စစ်ကောင်စီက စခန်းချထားနိုင်ပြီး ကျန်နေရာအားလုံးကို ချင်းအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.