Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းအင်အားစုအချင်းချင်းကြား လက်နက်ဖြင့် ဖြေရှင်းနေမှုကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် NUCC ထုတ်ပြန်

ချင်းအင်အားစုအချင်းချင်းကြား လက်နက်ဖြင့် ဖြေရှင်းနေမှုကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် NUCC ထုတ်ပြန်

0
By Editor on July 8, 2025 Khonumthung

(006SV)

ချင်းတော်လှန်ရေးအင်အားစုအချင်းချင်ကြား လက်နက်ဖြင့် ဖြေရှင်းမှုကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC က ပါဝင်ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ကြေညာသည်။

ယနေ့ ဇူလိုင်လ ၈ ရက်တွင် ချင်းပြည်တော်လှန်‌ရေး မိတ်ဖက်အင်အားစုများနှင့် ပတ်သက်၍ ပန်ကြားချက်ဟူ၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC က ထုတ်ပြန်လာခြင်းဖြစ်သည်။

ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအနေဖြင့် တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းကြား လက်နက်စွဲကိုင် ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြပါရန် NUCC က မေတ္တာရပ်ခံ တောင်းဆိုသည်။

လိုအပ်ပါက ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် ပါဝင်ကူညီဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်းလည်း ပဋိပက္ခဖြစ်ပွားနေသော ချင်းအင်အားစုများကို အသိပေးသည်။

ချင်းပြည်တော်လှန်ရေး မိတ်ဖက် အင်အားစုများအကြား လတ်တလော ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုများနှင့် နောက်ဆက်တွဲ ပွတ်တိုက်မှုမျာကို NUCC အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိသည်ဟု ထုတ်ပြန်သည်။

ဇူလိုင်လ ၂ ရက်မှ စတင်ခဲ့သည့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – ဟွာလ်ငိုးရမ်း နှင့် ချင်းညီနောင်အဖွဲ့ဝင် CNDF တို့ကြားက မျိုးနွယ်စုနှင့် ဒေသအရေးပဋိပက္ခသည် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ချင်းအင်အားစုများအကြား နယ်မြေများ အပြန်အလှန်သိမ်းလာကြကာ စစ်ရေးပဋိပက္ခမှာ ပိုမိုကျယ်ပြန့် ပြင်းထန်လာနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.