Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ငဖဲမြို့နယ်မှာ AA ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိ

ငဖဲမြို့နယ်မှာ AA ထိုးစစ်ကြောင့် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ဖမ်းမိ

0
By Editor on February 26, 2025 Khonumthung

လက်နက်ငယ် ၂၀ ၊ ကျည် ၄၀၀၀ ကျော် သိမ်းဆည်းရမိ

(006SV)

မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် အာရက္ခတပ်တော် (AA) က လေကြောင်းရန် ကာကွယ်ရေးတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်စဉ် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ စစ်သုံ့ပန်း ၂၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုထံမှ သိရသည်။

နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ် တည်ရှိရာ တောင်ကုန်းကို အာရက္ခတပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက်စဉ် ကာကင်းစခန်းများမှ တပ်စခန်းစွ့န် ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်ဆီးရမိထားခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ် – အရှိုက ဖေဖော်ဝါရီလ ၂၆ ရက်မှာ ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၆ ရက်အထိ နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ နတ်ရေကန် ဆက်သွယ်ရေး တာဝါတိုင်၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောတွင်းနေရာ အသီးသီးတွင် ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု သိရသည်။

MA – 1 သေနတ် ၁၃ လက်၊ MA – 2 ၁ လက်၊ MA – 3 ၃ လက်၊ MA – 11 ၂ လက်၊ MA- 5 ၁ လက် စုစုပေါင်း လက်နက်ငယ် ၂၀ လက်၊ လက်ပစ်မိုင်း ၁၈ လုံး၊ EY သီး ၁၂ လုံး၊ ကျည်ဆံ ၄၀၀၀ ကျော်နှင့် အခြားစစ်အသုံးအဆောင် ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

နတ်ရေကန်ဒေသအနီးတဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များ နှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ် – အရှိုတိုက်တွန်းထားသည်။

ရခိုင်- မကွေးအစပ်က စစ်ကောင်စီတပ်ဖွဲ့များ အလင်းဝင်ရောက်လိုပါက တော်လှန်ရေးတပ်ဖွဲ့ထံ ဖုန်း၊ အင်တာနက်စသည့် နည်းမျိုးစုံ ဆက်သွယ်၍ ဖြစ်စေ၊ မိမိတို့ထံ ဆက်သွယ်၍ မရပါက ထွက်ပြေးလာစဉ် အလံဖြူ အချက်ပြခြင်း၊ လက်နက်ချမည့် အကြောင်း အသံပြုခြင်းတို့ ပြုလုပ်နိုင်ကြောင်း ဒေသအခြေစိုက် PDF နှင့် CDF တို့က ပူးပေါင်းထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.