Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ နေအိမ်ကို CDF-Hakha က ပြည်သူပိုင်အဖြစ်သိမ်းဆည်း

စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ နေအိမ်ကို CDF-Hakha က ပြည်သူပိုင်အဖြစ်သိမ်းဆည်း

0
By Editor on February 26, 2024 Headline

စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ ဟားခါးမြို့က နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ကြောင်း CDF-Hakha က ဖေဖော်၀ါရီလ ၂၅ ရက်နေ့က ထုတ်ပြန်သည်။

ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်လက်တွဲပူပေါင်းသည်သာမက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က ဟားခါးမြို့ရှိ မြို့တော်ခန်းမမှာ စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲမှာ ပြည်သူများ ပူးပေါင်း ပါဝင်ကြဖို့ စည်းရုံးခဲ့သောကြောင့် ဟားခါးမြို့ ဆပ်သာလမ်း (Sakta Lam) ရှိသူ၏ နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းခဲ့ခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။

ဒေါက်တာမှုထန်၏ နေအိမ်ကို တော်လှန်ရေးကာလအတွင်း လိုအပ်သလိုအသုံးပြုသွားမည်ဟုလည်း CDF-Hakha က ဆိုသည်။

ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌလည်းဖြစ် ဒေါက်တာမှုထန်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်၀ါရီလ ၁၇ ရက်နေ့က ခန့်အပ်ခံရသူဖြစ်သည်။

သူ၏ဇာတိမြို့ ထန်တလန်ကို စစ်ကောင်စီက ပြာပုံအတိဖြစ်အောင် မီးရှို့ဖျက်ဆီးခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲသည့်အပေါ် ချင်းပြည်သူများ၏ အပြင်းအထန်‌ေ၀ဖန်မှုခံနေရသူလည်းဖြစ်သည်။

ထို့အပြင် ဒေါက်တာမှုထန်နှင့် စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ၃ ဦးအပါအ၀င် လက်နက်ပွဲစား ကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂက EU က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က ပိတ်ဆို့အရေးယူခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.