Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းပြီး ချင်းပြည်ကို ထိုးစစ်ဆင်ရန်ပြင်ဆင်နေ

စစ်ကော်မရှင်တပ်က အင်အားဖြည့်တင်းပြီး ချင်းပြည်ကို ထိုးစစ်ဆင်ရန်ပြင်ဆင်နေ

0
By Editor on October 28, 2025 Headline

(006SV)

ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို အခြေပြု၍ စစ်ရေးလှုပ်ရှားနေသော စစ်ကော်မရှင်တပ်သည် ရွေကောက်ပွဲ ဒုတိယပိုင်းအဖြစ် ကျင်းပမည့် ထန်တလန်၊ ဖလမ်းနှင့် တွန်းဇန်မြို့တို့ကို ဦးတည်ကာ ချင်းပြည်ဘက်ကို ထိုးစစ်ဆင်ရန် လုပ်ဆောင်လာနေသည်ဟု သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်များသည် ကလေးမြို့ တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် အင်အားအများအပြားဖြင့် စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိရာမှ ချင်းပြည်နယ်ကို ဦးတည်ကာ စစ်ရေးပြင်ဆင်မှု လုပ်ဆောင်လာနေသည်ဟု ချင်းအင်အားစုများနှင့် စစ်ရေးလေ့လာသုံးသပ်သူများက ပြောသည်။

“အဓိကက ချင်းပြည်ထဲကို ပြန်ပြီးတော့ တိုက်ခိုက်နိုင်ဖို့၊ ပြီးရင် ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့ မြို့ ၃ မြို့လည်း ရှိတယ်၊ ထန်တလန်အပါအဝင်ပေါ့နော်။ အဲဒါတွေကို သူတို့ ပြန်ပြီးတော့ တိုက်စစ်ဆင်မယ့် အနေအထားရှိတယ်။ အဲဒီ ၃ မြို့နယ်က စစ်ရေးအရ အတော်လေး အလေးထားရမယ်။ ချင်းပြည်နယ်ကို ကလေးဘက်က တစ်ကြောင်း၊ မကွေးတိုင်း ထီးလင်းနဲ့ ဂန့်ဂေါဘက်ကနေလည်း ပြန်ကိုင်ဖို့တွေ ရှိနေတယ်။ အဓိကက အဲဒီရွေးကောက်ပွဲ ၃ မြို့နယ်ကို အဓိကထားပြီး စစ်ကြောင်းထိုးမယ့် အနေအထားလို့ သုံးသပ်ရပါတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

ကလေးမြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို တပ်မ ၉၉ နှင့် တပ်မ ၃၃ ၏ နောက်ချန်အင်အားများကို ဖြည့်တင်းထားပြီး ကလေး – တမူးလမ်းပိုင်းကို တဝက်၊ ကလေးတောင်ပိုင်း နှင့် ချင်းပြည်နယ်ဘက်ကို စစ်အင်အားတဝက်လွှတ်ကာ စစ်ကြောင်းထိုးနေသည်ဟု သိရသည်။

ကလေးမြို့နှင့် ချင်းမြောက်ပိုင်းအစပ် CDF – CDM Siyin ထိန်းချုပ်ဒေသကို စစ်ကော်မရှင်တပ်က အင်အား အလုံးအရင်းဖြင့် ထပ်မံဖြည့်၍ စစ်ကြောင်းထိုးမှုကြောင့် ကလေး -တီးတိန် ဆိုင်ကယ်လမ်းများကို ခေတ္တပိတ်ကြောင်း CDF – CDM Siyin က ယမန့်နေ့က အရေးပေါ်ကြေညာသည်။

တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်စခန်းကိုလည်း ကလေးမြို့မှတစ်ဆင့် ရဟတ်ယဉ်ဖြင့် အောက်တိုဘာလ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ၂ ရက်ဆက် တပ်ဖွဲ့ဝင်အင်အားနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းသည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ရဟတ်ယာဉ်တစ်စင်းလျှင် စစ်သား ၂၀ ဦးဝန်းကျင် ပါလာနိုင်တာကြောင့် လက်ရှိ တီးတိန်သို့ ချပေးသည့် အင်အားသည် တစ်ရာဝန်းကျင်ရှိနိုင်ကြောင်း တွန်းဇန်မြို့ပအဖအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ဇင်ယော်နှင့် ချင်းအင်အားစုတချို့က တီးတိန်ကို လုံခြုံရေးအရ အင်အားတိုးမြှင့်ကာ တွန်းဇန်မြို့ကို ZRA တပ်ဖွဲ့က တိုက်ခိုက်ရန် စစ်ရေးပြင်ဆင်နေမှုများကိုလည်း တွေ့နေရသည်ဟု ပြောသည်။

“တီးတိန်ကိုလည်းအင်အားဖြည့်တင်းမှုတွေ လုပ်တယ်။ အင်အားကတော့ လူသစ် ၃၀ လောက်ပဲ တွေ့ရတယ်။ ဒါပေမယ့် တီးတိန် ဟိုဘက် တွန်းဇန်ကို တိုက်မှာက စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ZRA အဖွဲ့က တိုက်မှာဆိုတော့ ဒီ ၃၀ က တီးတိန်မြို့ လုံခြုံရေးကို အင်အားဖြည့်တဲ့အနေအထားမျိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

ကလေးမြို့ တောင်ပိုင်းကို စစ်ကြောင်းထိုးနေသော စစ်ကော်မရှင်တပ်ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်က ကျွန်းချောင်းရွာကို ဝင်ရောက်၍ နေအိမ်တချို့ကို မီးရှို့ဖျက်စီးခဲ့ပြီး ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင် ထောက်ကြံ့ရွာကို ရောက်ရှိကာ နေအိမ် တချို့ကို မီးရှို့ဖျက်စီးနေသည်ဟု ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၆ ရက်က စစ်ကား (၂၁) စီးဖြင့် လက်နက်ခဲယမ်း၊ ရိက္ခာများနှင့် စစ်အင်အားများကို ကလေးနည်းပညာ တက္ကသိုလ်ဝန်းထဲ ဖြည့်တင်းမှုအပြင် သံပြားကာ (၃) စီးအပါအဝင် ကားကြီး (၁၀) စီးဖြင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီး၊၊ ၁၂၀ မမ၊ ၁၀၅ မမ လက်နက်ကြီးများနှင့် ဆက်စပ်ကျည်သေတ္တာများ ဖြည့်တင်းသည်ဟု သိရသည်။

ချင်းပြည်နယ်အတွင်း ဒီဇင်ဘာလ ၂၈ ရက်မှာ စစ်တပ်၏ ရွေးကောက်ပွဲပထမပိုင်းကို ဟားခါး၊ တီးတိန်တွင် ကျင်းပမှာဖြစ်ပြီး ဒုတိယပိုင်းကို ထန်တလန်၊ တွန်းဇန်၊ ဖလမ်းမြို့မှာ ကျင်းပမည်ဖြစ်ကြောင်း၊ ကျန်မြို့နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.