Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ခေါင်းဆောင်က ယာယီသမ္မတဟု စတင်သုံးစွဲပြီး နောက်ထပ် ၆ လသက်တမ်းတိုး

စစ်ခေါင်းဆောင်က ယာယီသမ္မတဟု စတင်သုံးစွဲပြီး နောက်ထပ် ၆ လသက်တမ်းတိုး

0
By Editor on July 31, 2024 Khonumthung

(006SV)

နေပြည်တော်တွင် ယနေ့ပြုလုပ်သော ကာ/လုံအစည်းအဝေးတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ယာယီသမ္မဟု စတင်သုံးစွဲပြီး စစ်ကောင်စီသက်တမ်းကို နောက်ထပ် ၆ လ ထပ်မံတိုးလိုက်ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ကာလုံအစည်းအဝေးကို နေပြည်တော်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဝန်ကြီးချုပ်ရာထူးများ ရယူထားသည့် စစ်ခေါင်းဆောင်သည် ယာယီသမ္မတအဖြစ် စတင်သုံးစွဲ၍ အာဏာသိမ်းထိပ်တန်းခေါင်းဆောင် ၇ ဦးနှင့်တူ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ အာဏာသိမ်းခဲ့သော စစ်ကောင်စီသည် ၎င်း၏သက်တမ်းကို ၆ လတစ်ကြိမ်တိုးလာခဲ့ရာ ယနေ့ ၆ ကြိမ်မြောက် သက်တမ်းတိုးမှုသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ အသက်ဝင်မည်ဖြစ်သည်။

ကာလုံအစည်းဝေးကို သမ္မတဦးမြင့်ဆွေက ကျန်းမာရေးကြောင့် လွှဲပြောင်းပေးပြီးနောက် စစ်ခေါင်းဆောင်က ယာယီသမ္မတအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူ၍ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

ယနေ့ ကာလုံအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ်အနေဖြင့် နိုင်ငံ၏ လက်ရှိအခြေအနေ ဖတ်ကြားတင်ပြကာ သူကိုယ်တိုင်က ယာယီသမ္မတအဖြစ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်က စစ်တပ်က ဒု-သမ္မတအဖြစ် တင်မြောက်ခဲ့သော ဦးမြင့်ဆွေ (၇၃ နှစ်) သည် အာရုံကြောနှေးကွေးတုံ့ဆိုင်းသောရောဂါကို ဆိုးဝါးစွာ ခံစားနေရကြောင်း စစ်ကောင်စီက ဇူလိုင်လ ၁၈ ရက်က အကျယ်တဝင့် သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် စစ်ခေါင်းဆောင်သည် ယာယီသမ္မတရာထူးကို ဇူလိုင်လ ၂၂ ရက်နေ့မှာ လွှဲပြောင်းရယူခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.