Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း ချင်းလူမျိုး ၃၈၀ ကျော်သေဆုံး

စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း ချင်းလူမျိုး ၃၈၀ ကျော်သေဆုံး

0
By Editor on March 8, 2023 Headline

စစ်အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း ချင်းအမျိုးသားများပေါ် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် အကြမ်းဖက်ကျုးလွန်ခံရမှုတို့ကြောင့် အသက်မပြည့်ကလေးငယ်နှင့် ဓမ္မအမှုတော်ဆောင်များအပါအဝင် ချင်းလူမျိုး ၃၈၀ ကျော် သေဆုံးခဲ့ရသည်ဟု Institute of Chin Affairs (ချင်းရေးရာအဖွဲ့ချုပ်) က ထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ ၂ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီက ၎င်းတို့အာဏာတည်မြဲရေးအတွက် ချင်းလူမျိုးများအပေါ် သေနတ်အစစ်၊ ကျည်အစစ်၊ ဗုံးအစစ်များ၊ လက်နက်ကြီးများ (RPG၊ ၄၀ မမ၊ ၆၀ မမ) ဂျက်ဖျက်တာများအသုံးပြုကာ လူ့အခွင့်အရေးချိူးဖောက်မှုနှင့် ရာဇဝတ်မှုအမျိုးမျိူးကျူးလွန်ခဲ့ သည်ဟု မတ်လ ၂ ရက်နေ့က ချင်းရေးရာအဖွဲ့ချုပ်ကထုတ်ပြန်သည်။

ချင်းရေးရာအဖွဲ့ချုပ်၏ အဆိုအရ စစ်ကောင်စီ၏ မတရားသတ်ဖြတ်ခံ ရမှုကြောင့် ချင်းလူမျိုးသေဆုံးမှု ၂၀၂၁ ခုနှစ်အတွင်း ၁၆၄ ဦး၊ ၂၀၂၂ ခုနှစ်အတွင်း ၁၉၅ ဦးနှင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၂၄ ဦး စုစုပေါင်း ၃၈၃ ဦးရှိခဲ့သည် ဟု သိရသည်။

အဆိုပါသေဆုံးသည့် ချင်းလူမျိူး ၃၈၀ ကျော်တွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ၂၃၀ ကျော်နှင့် အရပ်သားပြည်သူ ၁၂၀ ကျော်ပါဝင်ပြီး ထိုအထဲတွင် (၁၈) နှစ်အောက် ကလေးသူငယ် ယောကျာ်းလေး (၁၉) ဦးနှင့် မိန်းကလေး (၅) ဦး စုစုပေါင်း (၂၄) ဦးပါဝင်ကာ (၆) လ နှင့် (၇) လသားအရွယ် နို့စို့ကလေးငယ်နှစ်ဦးလည်း ပါဝင်သည့်အပြင် ဓမ္မအမှုတော်ဆောင် ဆရာတော် (၄) ပါးသည်လည်း ဤကာလအတွင်း စစ်ကောင်စီတပ်များ၏ ရက်စက်စွာ သက်ဖြတ်ခြင်းခ့ခဲ့ရသည်ဟု ICA က ဆိုသည်။

ICA လက်ထောက်ညွှန်ကြားရေးမှူး Salai Van Sui San က “သူတို့သေဆုံးတဲ့ဟာတွေက ပုံးစံအမျိုးမျိုးနဲ့ရှိ တာပေါ့နော်။ တစ်ချို့ကြတော့ မိုင်းနဲ့ သေဆုံးတဲ့သူတွေလည်း ရှိတယ်။ တစ်ချို့ကကြတော့ မုဒိမ်းကျင့် သတ်ဖြတ်ခံရ တဲ့သူတွေ လည်းရှိတယ်။ လူသားဒိုင်းကာဖြင့် အသုံးပြုတာလည်းရှိတယ်။ ဒီလေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲမှုကြောင့် ကျဆုံးသွား တဲ့သူတွေရော ပြောမယ်ဆိုရင်တော့ အများကြီးပဲ။ တစ်ချို့ဆိုရင် အကျဉ်းထောင်ထဲမှာကို တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အကျဉ်းထောင် ဆူညံအောင်လုပ်ပြီးတော့မှ အကျဉ်းထောင်ကို ဆူညံစေမှုနဲ့ သတ်ဖြတ်လိုက်တာတွေရောပေါ့နော်” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ချင်းအမျိုးသမီး ၄ ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့သည့်အပြင် ထိုအထဲမှ အသက် ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း သတ်ဖြတ်ခဲ့သည်ဟု ICA ကဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့သည် ချင်းအမျိုးသားများ၏ အဓိကကိုးကွယ်ယုံကြည်မှုဖြစ်သော ခရစ်ယာန်ဘာသာ၏ ဓမ္မအမှုဆောင်များဖြစ်ကြသည့် ဆရာတော် (၄) ပါးကို ဘာသာတရားအပေါ်လေးစားမှုပင်းမဲ့စွာဖြင့် သတ်ဖြတ်ခဲ့ကြသည့်အပြင် ချင်းပြည်နယ်အတွင်း ဘာသာရေးအဆောက်အဦး (၆၀) ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ပြောသည်။

ချင်းပြည်နယ်အတွင်းထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် အရပ်သားပြည်သူ (၅၆) ဦးကို လမ်းပြ၊ ဓားစာခံအနေဖြင့် အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြသည့်အပြင် အချို့မှာ နှိပ်စက်သတ်ဖြတ် ခြင်းခံခဲ့ကြရသည့်အပြင် စစ်ကောင်စီ အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် ချင်းအမျိုးသား (၉၀၀) နီးပါး မတရားဖမ်းဆီးခံခဲ့ရကာ ဖမ်းဆီးခံရသော ပြည်သူများကို စစ်ကောင်စီမှ အကြောင်းအမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးဖြင့် သက်သေအထောက်အထား ခိုင်လုံမှုမရှိပဲ မတရားအလုပ်ကြမ်းနှင့် ထောင်ဒဏ်အသီးသီးချမှတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကောင်စီ၏ နည်းမျိုးစုံဖြင့် နှိပ်စက်သတ်မှုများကြောင့် လုံခြုံဘေးကင်းရာဒေသသို့ စစ်ဘေးတိမ်းရှောင်နေကြသည့် ပြည်တွင်းစစ်ဘေးရှောင် ချင်းလူမျိုး (၉၀၀၀၀) နီးရှိသည့်အပြင် မီဇိုရမ်းပြည်နယ်တွင် လူဦးရေ (၄၀၀၀၀)၊ မဏိပူရ်ပြည်နယ်တွင် လူဦးရေ (၁၅၀၀၀) ကျော်နှင့် နယူးဒေလီနှင့် အခြား အိန္ဒိယနိုင်ငံရှိပြည်နယ်တို့တွင် လူဦးရေ (၁၀၀၀၀) ကျော်တို့ရှိကြသည်ဟု သိရသည်။

“စစ်ကောင်စီတပ်၏ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား လွန်ခဲ့သည့်ဆယ်စုနှစ်များစွာကတည်းကပင် လူနည်းစုတိုင်းရင်းသားများသည် တွေ့ကြုံခံစားကြရပြီးဖြစ်ပါသည်။ ယခုအခါတွင်လည်း စစ်ကောင်စီတပ်သည် ၎င်း၏မတရားစစ်အာဏာသိမ်းမှုတွင်လည်း အလားတူနည်းလမ်းများကို အသုံးပြု၍ ချင်းပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းတွင် ပြင်းထန်ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။ လူဦးရေ (၅) သိန်းမျှသာရှိသော ချင်းလူမျိုးများနေထိုင်သည့် ပြည်နယ်အတွင်း ဤသတ်ဖြတ်မှုများသည် ရာခိုင်နှုန်းအားဖြင့် အလွန်ပင်များပြားလှပါသည်” ဟု ICA ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်များသည် ရမ်းသမ်း၍ဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ လက်နက်ကြီးများကို ပစ်ခတ်ခြင်း၊ လူနေအိမ်နှင့် ဘာသာရေးအဆောက်အဦးများစွာကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်ဆီးမီးရှို့ခြင်းများ ကျူးလွန်ခဲ့ကြပြီး ချင်းပြည်နယ်နှင့် ချင်းအမျိုးသားများနေထိုင်သော ဒေသများ၌ အဆောက်အဦးနှင့် လူနေအိမ်များဖျက်ဆီးခံရမှုမှာ (၄၃၀၀) ကျော်ရှိသည်ဟု ICA က ဆိုသည်။

စစ်ကောင်စီတပ်များ ကျုုးလွန်သည့် စစ်ရာဇဝတ်များ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ထိုက်တန်သော ပြစ်ဒဏ်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် နိုင်ငံ တကာအသိုက်းအဝန်းများမှ ထိရောက်သောအရေးယူမှုများ အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း Institute of Chin Affairs (ချင်းရေးရာအဖွဲ့ချုပ်) က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.