Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တပ်မတော်မှပစ်ခတ်သည့် လက်နက်ကြီးကြောင့် ချင်းအမျိုးသမီးတစ်ဦးသေဆုံး

တပ်မတော်မှပစ်ခတ်သည့် လက်နက်ကြီးကြောင့် ချင်းအမျိုးသမီးတစ်ဦးသေဆုံး

0
By Editor on April 15, 2019 Headline

ရခိုင်ပြည်နယ် အမ်းမြို့နယ် ၀ါးကြီးတောင်ကျေးရွာအနီးတွင် ဧပြီလ (၁၂) ရက်နေ့က မြန်မာ့တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယာခင်းတွင်နေထိုင်သော အသက် (၇၈) နှစ်အရွယ် ချင်းအဖွားကြီးတစ်ဦး ကျည်ဆံထိမှန်ကာသေဆုံးသွားပြီး သမီးဖြစ်သူလည်း ဒဏ်ရာရရှိသည်ဟု ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါလက်နက်ကြီးကို အမ်းမြို့တွင်တပ်စွဲထားသော အနောက်ပိုင်းတိုင်းစစ်ဌာနချူပ်လက်အောက်ခံ အမြောက်တပ်မှ ည ၇ နာရီမှ ၉ နာရီအကြားတွင် (၃) ကြိမ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယာခင်းတွင်နေထိုင်သော အသက် (၇၈) နှစ်အရွယ် ဒေါ်ပဒွန်သည် လက်နက်ကျည်ထိမှန်ကာသေဆုံးခဲ့ကြောင်း သမီးဖြစ်သူ အသက် (၄၀) အရွယ် ဒေါ်ပါမယ်သည်လည်း ကျည်ဆံထိမှန်သည့်ဒဏ်ရာကြောင့် အမ်းပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေသည်ဟု CHRO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမ်းမြို့တွင်နေထိုင် ချင်းတိုင်းရင်းသားတစ်ဦးက “ သူတို့က ယာခင်းမှာ သီဟိုရ်စိုက်ခင်းလုပ်တယ်၊ အဲဒီညမှာ .. လက်နက်ကြီးပစ်တာက (၃) ကြိမ်ပစ်တယ်၊ ပထမနဲ့ဒုတိယအကြိမ်ပစ်တာက မထိမှန်ဘူး၊ ဒုတိယအကြိမ် ဆက်တိုက်ပြန်ပစ်တဲ့အခါမှာ သူတို့လည်း ထွက်ပြေးဖို့ လုပ်နေတဲ့အခါမှာ နောက်ဆုံး သုံးကြိမ်မြောက်ပစ်တဲ့ဟာက သူတို့နေတဲ့အိမ်အနီးကျလာပြီး အိမ်ထဲမှာရှိတဲ့ အဖွားကြီးက နံရိုးကြားမှာ ကျည်ဆံထိမှန်တယ်၊ သူ့သမီးက လက်မောင်းမှာ ကျည်ထိသွားတယ်’’ ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နောက်တစ်နေ့ ဧပြီလ (၁၃) ရက်နေ့တွင် တပ်မတော်မှ တာဝန်ရှိသူများသည် သေဆုံးသွားသည့် မိသားစုဝင်များထံ နစ်နာကြေးအဖြစ် ကျပ်ငွေတစ်သိန်းနှင့် အမ်းမြို့ မြို့နယ်ထွေအုပ်ရုံးမှ ဒဏ်ရာရရှိသည့် သူ့သမီးအတွက် ကျပ်ငွေ ၅ သောင်း လာရောက်ပေးအပ်ခဲ့သည်ဟု သိရသည်။

သေဆုံးသူအတွက် နစ်နာကြေးအဖြစ် တပ်မတော်မှ ကျပ်ငွေတစ်သိန်းပေးအပ်သည့်အပေါ် မိသားစုဝင်များက မကျေနပ်သော်လည်း ပြန်လည်ပြောဆိုရန် ကြောက်ရွံ့နေကြသည့်အတွက် လက်ခံခဲ့ကြရသည်ဟု အမ်းမြို့ဒေသခံကပြောသည်။

ဧပြီလ (၁၄) ရက်နေ့တွင် အမ်းမြို့ပြည်သူ့ဆေးရုံသို့ ဘုန်းကြီးတစ်ပါးရောက်ရှိလာပြီး ဆေးဝါးခအတွက်ဟုဆိုကာ ဒေါ်ပါမယ်ကို ကျပ်ငွေလေးသိန်းပေးအပ်ခဲ့သည်ဟုသိရသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ Field Director Salai Terah “ အခုဖြစ်နေတဲ့နေရာဟာ တိုက်ပွဲဖြစ်တဲ့နေရာလည်းမဟုတ် ဒီကိစ္စအပေါ်မှာ တပ်မတော်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိသင့်တယ်၊ တိုက်ပွဲဖြစ်တယ်ဆိုရင်လည်း အရပ်သားပြည်သူတွေကို မထိခိုက်အောင် အတတ်နိုင်ဆုံးရှောင်ကြဖို့လိုပါတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

အိမ်ခြေ (၇) အိမ်လောက်သာရှိသော ၀ါးကြီးတောင်ကျေးရွာသည် အရိုချင်းတိုင်းရင်းသားအများစုနေထိုင်ကြပြီး အမ်းမြို့မှ အရှေ့မြောက်ဖက် (၂၀) မိုင်ကွာဝေးသည်။

ရွာသားများသည် သီဟိုရ်စိုက်ခင်းလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။

Photo Credit – CHRO

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.