Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တီးတိန်မြို့သိမ်းနိုင်ရေးအတွက် “နောက်ဆုံးလှိုင်း အိမ်ပြန်လှိုင်း” ကမ်ပိန်းမှာ ၇ ရက်တွင်း ဒေါ်လာ ၁ သိန်းကျော်ရရှိ

တီးတိန်မြို့သိမ်းနိုင်ရေးအတွက် “နောက်ဆုံးလှိုင်း အိမ်ပြန်လှိုင်း” ကမ်ပိန်းမှာ ၇ ရက်တွင်း ဒေါ်လာ ၁ သိန်းကျော်ရရှိ

0
By Editor on August 6, 2024 Khonumthung

(006SV)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့သိမ်းစစ်ဆင်ရေးကို မကြာမီဖော်ဆောင်တော့မည်ဖြစ်ရာ “နောက်ဆုံးလှိုင်း အိမ်ပြန်လှိုင်း” ရန်ပုံငွေ ကမ်ပိန်း ၇ ညတွင် ဒေါ်လာ ၁ သိန်းကျော်ကို ထောက်ပံ့ကူညီမှု ရရှိထားကြောင်း PDF – Zoland ထံမှ သိရသည်။

“အောက်ချင်းငှက်တွေ သူတို့ အသိုက်၊ သူတို့ ပြန်ဖို့ အချိန်ရောက်ပြီဆိုတဲ့‌ ခေါင်းစဉ်နဲ့ပေါ့နော်။ ရန်ပုံငွေ ရှာရခြင်းဖြစ်တယ်။ အဲဒီအတွက် ကျနော်တို့ မြို့သိမ်းစစ်ဆင်ရေး လုပ်ဖို့လိုတယ်။ အများပြည်သူတွေအနေနဲ့ အခုကာလမှာ မြို့သိမ်းစစ်ဆင်ရေးက အခြေအနေပေးနေပြီဆိုတော့ တော်လှန်ရေးကို ပြည်သူတွေအနေနဲ့ ထောက်ပံ့ကူညီပေးစေလိုပါတယ်။ များများထောက်ပံ့လေ အမြန်ဆုံး ကိုယ့်အိမ်ကို မြန်မြန်ပြန်နိုင်မှာဖြစ်ပါတယ်” ဟု PDF – Zoland ၊ ပြောရေးဆိုခွင့်ရှိသူ ကိုရောဘတ်က ပြောသည်။

နောက်ဆုံးလှိုင်း အိမ်ပြန်လှိုင်း ရန်ပုံငွေကမ်ပိန်းသည် မြို့သိမ်းစစ်ဆင်ရေးအတွက် စားနပ်ရိက္ခာပိုင်းနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေး အဓိက ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကမ်ပိန်းကာလ ၇ ရက်အတွင်း ဒေါ်လာ ၁ သိန်း ၂ သောင်းခန့် ရရှိထားပြီးဖြစ်ကြောင်း၊ ကမ်ပိန်းမှာ နေ့စဉ်ဖော်ဆောင်ခြင်းမျိုးမဟုတ်ပဲ ကမ်ပိန်းရက်များကို ရက်ခြားနား၍ ဖော်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့သိမ်းစစ်ဆင်ရေးကို မကြာမီ အကောင်အထည်ဖော်တော့မည်ဟူ၍ ပြောနိုင်သော်လည်း မည်သည့်အချိန်တွင် ဖော်ဆောင်မည်ကို ပြော၍မရသေးကြောင်း PDF – Zoland ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းညီနောင်အဖွဲ့သည် ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်နယ်ကို စစ်ကောင်စီကင်းစင်ရေး စစ်ရေးရည်မှန်းချက် ချမှတ်ထားကြောင်း ထုတ်ပြန်ထားသည်။

မေလကုန်ပိုင်းက တီးတိန်မြို့ပေါ်ရှိ စစ်ကောင်စီစခန်းများကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် PDF – Zoland နှင့် CNDF တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိုင်ချတပ်စွဲသည့် မိုင်ခရိုဝေ့စခန်းနှင့် လျပ်စစ်ရုံးတို့ကို သိမ်းနိုင်ပြီး စစ်သုံ့ပန် ၉ ဦးကို ဖမ်းဆီးရမိခဲ့သည်။

ထိုစစ်ဆင်ရေးသည် ချင်းလဲန်းကောင်စီပူးပေါင်းတပ်များက ကျီခါးနှင့် တွန်းဇံမြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ၁ ရက်အကြာတွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

တီးတိန်မြို့တွင် စစ်ကောင်စီ၏ ခလရ – ၂၆၉ တပ်ရင်း အခြေစိုက်ထားပြီး မြို့ပေါ်နေရာတချို့တွင် စစ်ကောင်စီအထိုင်ချစခန်းများရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.