Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ထန်တလန်မြို့ကို စွန့်ခွာပြီး ၄ နှစ်အတွင်း ထန်တလန်မြို့ခံ ၂၀၀ ကျော် စစ်ဘေးရှောင်သည့်နေရာတွင် ကွယ်လွန်ခဲ့
Photo: Thantlang

ထန်တလန်မြို့ကို စွန့်ခွာပြီး ၄ နှစ်အတွင်း ထန်တလန်မြို့ခံ ၂၀၀ ကျော် စစ်ဘေးရှောင်သည့်နေရာတွင် ကွယ်လွန်ခဲ့

0
By Editor on September 23, 2025 Headline

(004SS)

ချင်းပြည်နယ် ထန်တလန်မြို့ကို အာဏာသိမ်းစစ်တပ်က တမြို့လုံးပြာကျသွားအောင်မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အခြားဒေသများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည့် ထန်တလန်မြို့ဒေသခံများထဲမှ ၂၀၀ ကျော်သည် မိမိတို့စစ်ဘေးရှောင် ရာဒေသများတွင် ကွယ်လွန်ခဲ့ကြသည်ဟုသိရသည်။

အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မီးရှို့မှုများကြောင့် ထန်တလန်မြို့ဒေသခံများသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြို့ကိုနောက်ဆုံးစွန့်ခွါလာခဲ့ကြသည်မှာ ယခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ထို ၄ နှစ်တာကာလအတွင်းမှာ ထန်တလန်မြို့ဒေသခံများသည် ပြည်တွင်းပြည်ပက နေရာအသီးသီးတွင် စစ်ဘေးတိမ်းရှောင်နေခဲ့ကြရပြီး ယနေ့ချိန်ထိ နေရပ်ကို ပြန်နိုင်ခြင်းမရှိကြသေးပေ။

ထန်တလန် ကူညီထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ (TRRC)၏ စာရင်းအရ စစ်ဘေးရှောင်ကာလ ၄ နှစ်တာအတွင်းမှာ ထန်တလန်မြို့ခံထဲမှ ၂၁၂ ဦးမှာ ရောဂါအခြေအနေအမျိုးမျိုးကြောင့် ကွယ်လွန်ခဲ့ကြပြီး ကွယ်လွန် သူများတွင် သက်ကြီးရွယ်အို ပိုများသည်ဟု သိရသည်။

“ဒီစာရင်းကတော့ကျွန်တော်တို့ TRRC အနေနဲ့ ကောက်ယူနိုင်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ ဒီထဲက သေဆုံးသွားသူတွေကတော့ ကျွန်တော်တို့ ဒုက္ခသည်ဘဝမှာ ဆုံးပါးသွားကြတဲ့ သက်ကြီးရွယ်အိုတွေများပါတယ်။ လောလောဆယ် ထန်တလန်မြို့ကတော့ ဒီနေ့အချိန်ထိ မြို့ခံတွေ ဘယ်သူမှ ပြန်လာနိုင်ခြင်း မရှိသေးဘူး။” ဟု TRRC ကော်မတီဝင်တစ်ဦး ကပြောသည်။

မြို့ခံလူဦးရေ ၁၀,၄၀၀ ခန့်ရှိသည့် ထန်တလန်မြို့မှ ပြည်သူများသည် ယခုလက်ရှိတွင် အိန္ဒိယနိုင်ငံ၊ ဒေလီနှင့် မီဇိုရမ် ပြည်နယ်ရှိ ရွာပေါင်း ၄၃ ရွာတွင်သော်လည်းကောင်း၊ ထန်တလန်မြို့နယ်ရှိ ကျေးရွာ ၈၇ ရွာတွင်လည်းကောင်း၊ ရန်ကုန်၊ မန္တလေး၊ ကလေး၊ ဟားခါး စသည့်မြို့များအပါအဝင် နေရာပေါင်း ၁၃၆ ခုတွင် စစ်ဘေးရှောင်အဖြစ် ပြန့်ကျဲ၍ ခိုလှုံနေကြရဆဲဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.