Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်၏ ဟန်ပြ NCA ပွဲကို တက်ရောက်ခြင်း မပြုရန် CNF အပါအဝင် NCA လက်မှတ်ထိုးအဖွဲ့များ တောင်းဆို

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်၏ ဟန်ပြ NCA ပွဲကို တက်ရောက်ခြင်း မပြုရန် CNF အပါအဝင် NCA လက်မှတ်ထိုးအဖွဲ့များ တောင်းဆို

0
By Editor on October 13, 2025 Headline

(006SV)

UN၊ အာဆီယံနှင့် နိုင်ငံတကာသံတမန်များအနေဖြင့် စစ်ကော်မရှင်၏ ဟန်ပြလုပ်ငန်းစဉ်ဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ခြင်း မပြုရန် CNF အပါအဝင် NCA လက်မှတ်ထိုးထားသော တော်လှန်ရေးအဖွဲ့ ၆ ဖွဲ့က ကြေညာသည်။

စစ်အုပ်စု၏ ဟန်ပြလုပ်ငန်းစဉ်များတွင် ပါဝင်ခြင်းသည် မြန်မာနှင့် ဒေသတွင်း မတည်ငြိမ်မှုကို ဖန်းတီးနေသော စစ်အုပ်စုကို ထောက်ခံရာ ရောက်သည့် အတွက် NCA လက်မှတ်ထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရောက် ခြင်းဖြင့် လူထုနှင့်အတူ ရပ်တည်ကြောင်း ပြသရန် နိုင်ငံတကာအသိုင်းအဝိုင်းကို NCA လက်မှတ်ထိုးခဲ့သော ၆ ဖွဲ့က တောင်းဆိုခြင်းဖြစ်သည်။

“NCA ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီထဲကနေ ၆ ဖွဲ့ရဲ့ နိုင်ငံရေးသဘောထား ရပ်တည်ချက်ကို ပြည်သူလူထုကို ရှင်းရှင်းလင်းလင်း သိအောင်ဆိုပြီး ရည်ရွယ်ချက်နဲ့ ဒါက ထုတ်ပြန်ရ ခြင်းဖြစ်ပါတယ်။ စစ်တပ်ကတော့ ဒီလိုပါပဲ နိုင်ငံရေးအနှစ်သာရ ကင်းမဲ့ပြီး အခုလို အတုအယောင်ပွဲတွေကို ကျင်းပလေ့ ရှိပါတယ်။ ဒါကလည်း နိုင်ငံတကာနဲ့ လူထုကို လှည့်စားချင်လို့ပါ။ အခုလည်း ငြိမ်းချမ်းရေး အတုလုပ်ပြီး နိုင်ငံတကာကို လှည့်စားဖို့ သဘောပါပဲ။ ဘာမှ ထူးခြားမှုတော့ မရှိပါဘူး။ ဒီအပေါ်မှာတော့ အထူးတလည် တုန့်ပြန်သွားဖို့တော့ မရှိဘူး။ တော်လှန်ရေးမှာ ဒီနေ့ ဆက်ပြီးတော့ အာရုံစိုက်လုပ်ဆောင်ရမယ့် နိုင်ငံရေးအရ၊ စစ်ရေးအရ စုစည်းမှုတွေကို ဒီထက် တစိုက်မတ်မတ်လုပ်ဖို့ပဲ အာစိုက်ထုတ် ဆောင်ရွက်နေပါတယ်” ဟု ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျော်လင်းက ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် မွန်ပြည် သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD) တို့က ယနေ့ အောက်တိုဘာလ ၁၃ ရက်တွင် တောင်းဆိုတိုက်တွန်းသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုသည် NCA စာချုပ်၏ အနှစ်သာရ အခြေခံမှုများနှင့် ရည်မှန်းချက်များကို ဖျက်ဆီးလိုက်ပြီဖြစ်၍ NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စာချုပ်သည် စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း အဆိုပါ ၆ ဖွဲ့က ထုတ်ပြန်သည်။

စစ်အုပ်စုသည် NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်း မရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ကာ လူထုကို ပုံစံမျိုးစုံဖြင့် ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုသာမက လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်လျက်ရှိစဉ်တွင် NCA ဆယ်နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု သိရသည်။

စစ်အုပ်စု၏ NCA အမည်ခံ ပြုလုပ်သော ဟန်ပြလုပ်ငန်စဉ်များနှင့် စစ်အုပ်စုက ချိုးဖောက်၍ ပျက်ပြယ်သွားပြီးဖြစ်သော ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံအောက်မှာ ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်များက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှု ရှိရင် ကြိုးပမ်းခြင်းသာဖြစ်ကြေင်း သိရသည်။

စစ်ကော်မရှင်၏ ယင်းသို့ လုပ်ဆောင်မှုများသည် နိုင်ငံ အကျပ်အတည်းနှင့် လူထု၏ ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပဋိပက္ခများသာ ပို၍ ရှည်လျားစေမည်ဟု NCA လက်မှတ်ထိုး ၆ ဖွဲ့က ထုတ်ပြန်သည်။

NCA လက်မှတ်ထိုးထားသော လက်နက်ကိုင် ၆ ဖွဲ့သည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေးအတွက် စစ်တပ် က နိုင်ငံရေးတွင် ပါဝင်မှု မရှိစေရန်၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများ တရားမျှတမှု ရရှိရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် ရေးဆွဲနိုင်ရန်အတွက် တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည် အထိ တိုက်ပွဲဝင်နေမည်ဟု သိရသည်။

KNU၊ CNF၊ ABSDF နှင့် PNLO တို့သည် အခြားသော တိုင်းရင်သားလက် နက်ကိုင် ၄ ဖွဲ့နှင့်အတူ NCA စာချုပ်ကို ၂၀၂၅ အောက်တို ဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး NMSP နှင့် LDU တို့သည် ၂၀၁၈ ဖေဖော်ဝါရီလ ၁၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည် ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.